မော်လမြိုင် – ဇန်နဝါရီ ၁၀ 

မြန်မာနိုင်ငံကိုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်ဆီးထောင်ချထားတဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က တောင်းဆိုလိုက်ပါတယ်။

သတင်းသမားတွေဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူတင်ဆက်တာဟာ တည်ဆဲ ဥပဒေ၊နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ပြည်သူတို့ရဲ့ သတင်းရယူသိရှိပိုင်ခွင့် (Right to Information) ကို တရားဝင်လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒါကြောင့် လွတ်လပ်စွာ သတင်းရယူတင်ဆက်တာကို ဟန့်တားမှုဖြစ်စေတဲ့ ဘယ်လို တားဆီး နှောင့်ယှက်မှု၊ဖမ်းဆီးထောင်ချမှုတွေကို မဆို ပြင်းထန်စွာ ရှုတ်ချပြီး မတရားဖမ်းဆီးခံထားရတဲ့ ဖြစ်တဲ့ သတင်းသမားအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့လိုတယ်လို့ IPCM က ဆိုထားတာပါ။

သတင်းသမားတွေ သတင်းရေးသားဖော်ပြတာဟာ ပြစ်မှုကျူးလွန်တာ မဟုတ်တဲ့အတွက် IPCM အနေနဲ့ ဖမ်းဆီးခံသတင်းသမားတွေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ တရားဝင်မီဒီယာလုပ်ငန်းတွေ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိကဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်တဲ့ ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီ က အကျဉ်းသား ၉၆၅၂ ဦးကို လွှတ်ပေးခဲ့ပေမယ့် ကိုကောင်းဆက်လင်း၊ ကိုထွန်းသန်းအောင်နဲ့ ကိုတိုးအောင် စတဲ့ သတင်းသမား ၃ ဦးသာ ပါဝင်ခဲ့တာပါ။ 

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက စပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက သတင်းသမား ၁၇၀ ကိုဖမ်း ဆီးထားပြီး အဲဒီထဲက ၁၁၈ ဦးပြန်လည် လွတ်မြောက်လာခဲ့တဲ့အတွက် ၅၂ ဦးဟာ အကျဉ်းထောင် အသီးသီးမှာ ထောင်ဒဏ်ကျခံနေရဆဲဖြစ်တယ်လို့ IPCM က အသိပေးထားပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.