မင်္ဂလာပါရှင်

သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စီစစ်ပေးသွားမှာပါ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုက ကလေးသူငယ်တွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေကို ဒီနေ့မှာ စိစစ် ပေးသွားမှာဖြစ်ပါတယ်။ 

ဒီအကြောင်းအရာကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ ရန်ကြီးအောင်(အောင်စစ်သည်)၊နန်းငယ် တယ်လီဂရမ်ချန်နယ်၊ဟန်ငြိမ်းဦးနဲ့ MWD စတဲ့နေရာတွေကနေ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာစတင် ဖြန့်ဝေခဲ့ကြတာပါ။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဓာတ်ပုံအဟောင်းတွေကို လိမ်လည်ဖြန့်ချီနေတဲ့ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါ တယ်။

ဖြစ်စဉ်အမှန်မှာတော့ ပြီးခဲ့နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဖမ်းဆီးထားတဲ့ တအာင်းပလောင် တိုင်းရင်းသား ၁၂၇ ဦးကို TNLA က ကယ်ထုတ်နေတဲ့ ဓာတ်ပုံအဟောင်းတွေသာ ဖြစ်တယ်လို့ TNLA အဖွဲ့နဲ့ လွတ်လပ်သော သတင်းဌာနတွေက ဖော်ပြ ထားပါတယ်။

ပြည်သူ့စစ်အဖွဲ့ကဖမ်းဆီးသွားတဲ့ ကလေးငယ် ၁၂၇ ဦးထဲမှာ အသက် ၈ နှစ်ကနေ ၁၇ နှစ်အထိ ကလေး ၂၀ ဦး၊အမျိုးသမီး ၁၅ ဦးနဲ့ တခြားအရွယ် ၉၂ ဦးပါဝင်ပြီး ကလေးမိဘတွေကိုယ်တိုင် အုပ်ချုပ်ရေးဌာနကို လာရောက်တိုင်ကြားခဲ့တာကြောင့် ကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာပန်လရဲ့ ပြောဆိုချက်နဲ့ RFA သတင်းဌာနက ဖော်ပြထားပါ တယ်။ 

 RFA  သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://www.rfa.org/burmese/program_2/tnla-evacuates-127-ethnic-taang-people-02072023072841.html?fbclid=IwAR04laMsXI60_wbCehJmL2A0a_VvRFYec-I_99uAt3PxR0lqGxLNZ-_Xezg

တအာင်းပြည်နယ် တီဗီရဲ့ သတင်းထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid02WJUqSfemvCyCutRAhjoRHQ6iTQHUibevuGXSj8grizujpz1YMTG8nTDjSGakpTB5l&id=100065446622027&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုက ကလေးသူငယ်တွေကို စစ်သားအဖြစ် အဓမ္မစုဆောင်းနေတယ်ဆိုတဲ့ သတင်းဓာတ်ပုံဟာ သတင်းအမှားတစ်ခုသာဖြစ်တယ်လို့ သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။


သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.