December 11, 2023

အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ၄၀၀ နီးပါး ထပ်မံရောက်ရှိလာ

ဂျာကာတာ၊ ဒီဇင်ဘာ ၁၂ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ၄၀၀ လောက်ပါတဲ့ လှေနှစ်စင်း ဆိုက်ကပ်လာတယ်လို့ တံငါရွာတွေက အတည်ပြုထားပြီး နိုင်ငံအတွင်းဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေထဲမှာ အများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရောက်ရှိလာကြတာဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့ ပြောဆိုချက်အရ နိုဝင်ဘာလတည်းက အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ…

ပါကစ္စတန်မှ ထွက်ပြေးရသူတွေ ပြင်းထန်တဲ့ဆောင်းရာသီကြောင့် သေဆုံးနိုင်တယ်လို့ ကုလ သတိပေး

ကာဘူ၊ ဒီဇင်ဘာ ၁၂ ပါကစ္စတန်ကနေ နယ်စပ်ဖြတ်ကျော်လာတဲ့ အာဖဂန်တွေဟာ ပြင်းထန်လာတဲ့ ဆောင်းရာသီမှာ လုံလောက်တဲ့ အမိုးအကာမရရင် အသက်သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက သတိပေးခဲ့ပါတယ်။ ပါကစ္စတန်အစိုးရက နိုင်ငံအတွင်း တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးကာ ပြည်နှင်ဒဏ်ပေးခဲ့တာကြောင့် အောက်တိုဘာလအစောပိုင်းကတည်းက အာဖဂန်နိုင်ငံသား တစ်သန်းခွဲနီးပါး ထွက်ခွာခဲ့ရတာပါ။ သူတို့ထဲက အများစုဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်မှ ဖြစ်ကြပေမယ့်လည်း အဲဒီမူဝါဒဟာ…

အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားမှု မြင့်တက်လာမှုကို ထိန်းချုပ်ဖို့ တရုတ် ကြိုးပမ်း

ဘေဂျင်း၊ ဒီဇင်ဘာလ ၁၂ တရုတ်နိုင်ငံမှာရှိတဲ့ ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်ပွားမှု မြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး ဆေးရုံဖွင့်ချိန်တွေကို လည်း တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က ကလေးဆေးရုံကိုတော့ မနက် ၇ နာရီခွဲကနေ ည ၁၀ နာရီအချိန်အထိ တိုးမြှင့်ဖွင့်လှစ်ထားပြီး သီးသန့်ကလေးအထူးကုသဝန်ဆောင်မှုတွေအပြင် ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း အချိန်တိုးမြှင့်ထားပါတယ်။ ပြီးခဲ့တဲ့…

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မော်လမြိုင် – ဒီဇင်ဘာ ၁၁ ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မဟာမိတ်တပ်အသီးသီးက အရာရှိ၊အရာခံတွေနဲ့ အကြပ်စစ်သည်တွေ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်တွေ၊အရာရှိ၊အရာခံအကြပ်စစ်သည် ရဲဘော်တွေတက်ရောက်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် သင်တန်းဆင်းစစ်ကြောင်းက ချီတက်စစ်ရေးပြတာ၊ တာဝန်ရှိသူတွေက အမှာစကားပြောတာ၊ထူးချွန်စစ်သည်တွေကို ဆုချီးမြှင့်တာနဲ့ တက်ရောက်လာသူတွေကို…

ဂန့်ဂေါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး အရှင်ဖမ်းဆီးရမိ

ဂန့်ဂေါ – ဒီဇင်ဘာ ၁၁ မကွေးတိုင်း၊ဂန့်ဂေါခရိုင်မှာ နိုဝင်ဘာလ အတွင်းတိုက်ပွဲပေါင်း ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၃ ဦးသေဆုံးကာ ၁၅ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရဲ့ လစဉ်တိုက်ပွဲနဲ့ ထိခိုက်သေဆုံးအချက်အလက်တွေမှာဖော်ပြထားပါတယ်။ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ ပစ်ခတ်တိုက်ခိုက်မှု ၇ ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု…

ပလက်ဝမှာ စစ်သားနဲ့ရဲ ၁၀ ဦးအလင်းဝင်လာ

ပလက်ဝ – ဒီဇင်ဘာ ၁၁ ချင်းပြည်နယ်၊ပလက်ဝခရိုင်မှာ စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ရဲ ၈ ဦးအလင်းဝင်လာတယ်လို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေက ပလက်ဝခရိုင် ရှင်းလက်ဝကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ဗျူဟာ ၃ ခလရ ၂၉၉ တပ်ရင်းက ရဲဘော် ကျော်ထက်ဝေနဲ့ ဒုတပ်ကြပ်…

လှိုင်သာယာအရှေ့ပိုင်း ကြံ့ခိုင်ရေးပါတီရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန် – ဒီဇင်ဘာ ၁၁ ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်အရှေ့ပိုင်း ကြံ့ခိုင်ရေးပါတီရုံးကို DarkShadow တပ်ဖွဲ့ နဲ့ မဟာမိတ် (GOD) မြို့ပြတော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်အစောပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပြီး ထိခိုက် ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။ အဲဒီရုံးဟာ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူး အရပ်ဝတ်အသွင်ယူသူတွေ…

မော်လမြိုင်မှာ ဓာတ်ဆီရောင်းတဲ့ အမျိုးသမီးတစ်ဦးဖမ်းဆီးခံရ

မော်လမြိုင် – ဒီဇင်ဘာ ၁၁ မွန်ပြည်နယ်၊မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် လမုတန်း စျေးအနီးမျာ ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီရောင်းချတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ရေနံနဲ့ ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ နဲ့ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာဖော်ပြထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ စစ်ကဲကုန်းရပ်ကွက်မှာ…