စင်ကာပူ၊ နိုဝင်ဘာလ ၁၉ 

စင်ကာပူဟာ အင်းဒိုနီးရှား၊ မလေးရှားတို့နဲ့ နယ်စပ်ဖြတ်ကျော် QR ကုဒ်စနစ် ငွေပေးချေမှုစနစ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ကမိတ်ဆက်ခဲ့ပါတယ်။

အခုချိတ်ဆက်မှုကနေတဆင့် အသုံးပြုသူတွေဟာ စကင်ဖတ်ရုံဖြင့် ၂ နိုင်ငံအကြားမှာရှိတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေအကြားမှာ လက်လီပေးချေမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ Bank Indonesia (BI) နဲ့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) တို့ရဲ့ ပူးတွဲကြေငြာချက်မှာဖော်ပြထားပါတယ်။ 

ဒါ့အပြင် အဲဒီနယ်စပ်ဖြတ်ကျော်ပေးချေမှုစနစ်မျာ ဒေသတွင်းငွေကြေးနဲ့ပေးချေနိုင်ဖို့ မူဘောင်တစ်ရပ်ကို နှစ်နိုင်ငံဗဟိုဘဏ်တွေက ၂၀၂၄ ခုနှစ်မှာ လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။ 

၂၀၂၃ နှစ်ဝက်လောက်မှာ စင်ကာပူနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ခရီးသွားတွေဟာ အင်ဒိုနီးရှားနိုင်ငံမှဖြစ်ပြီး စင်ကာပူဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးနှင့် လူဦးရေ သန်း ၂၇၀ ရှိတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ၄ နိုင်ငံမြောက်သော ရေပန်းအစားဆုံးနိုင်ငံလည်းဖြစ်နေတာပါ။

အခုသတ်မှတ်လိုက်တဲ့ စနစ်ဟာ နယ်စပ်ဖြတ်ကျော် အီးကော့မက်စ် လုပ်ငန်းတွေအပါအဝင် စင်ကာပူနဲ့ အင်ဒိုနီးရှားအကြား ခရီးသွားလုပ်ငန်းအတွက် အသုံးပြုပေးချေမှုတွေကို တိုးမြှင့်ဆောင်ရွက်စေနိုင်မှာ ဖြစ်တယ်လို့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က ပြောကြားထားပါတယ်။

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ဟာ မလေးရှားအမျိုးသားဘဏ် (Bank Negara Malaysia – BNM) နဲ့ လည်း နယ်စပ်ဖြတ်ကျော်ပေးချေမှုတွေကို ချိတ်ဆက်ထားပြီး စင်္ကာပူရဲ့ PayNowနဲ့ မလေးရှားနိုင်ငံ DuitNow တို့အကြားမှာ အချိန်နှင့်တပြေးညီ ငွေပေးချေမှုစနစ်တွေချိတ်ဆက်မှုကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ 

ဒီလိုဆောင်ရွက်ချက်မှတဆင့် မလေးရှားနဲ့ စင်ကာပူအကြားရှိ လူတစ်ဦးမှ တစ်ဦးကို ငွေပေးချေခြင်း၊ လွှဲပြောင်းခြင်းတွေအတွက် လုံခြုံမှုရှိပြီး ကုန်ကျစရိတ်သက်သာစေတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူဟာ အလားတူဝန်ဆောင်မှုတွေကိုလည်း ထိုင်း၊ အိန္ဒိယနိုင်ငံတို့နဲ့ပါ ဆက်သွယ်ဆောင်ရွက်ထားတာ ရှိပါတယ်။

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.