Radio Than Lwin Times(3/8)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/JRdkfGQ9EUE
ပေကျင်း၊ သြဂုတ်(၄) တရုတ်အစိုးရအနေနဲ့ နိုင်ငံအတွင်းရှိ အသေးစား၊ အလတ်စားမြို့နယ်တွေအတွင်း အပြီးအပိုင်အခြေနေထိုင်ဖို့ ရည်ရွယ်ထားတဲ့နိုင်ငံသားတွေအတွက် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးထားပြီး ဘေဂျင်းလိုမြို့ကြီးတွေ ကို ပြောင်းရွှေ့မှုကိုတော့ ကန့်သတ်ထားပါတယ်။ အမြဲတမ်းနေထိုင်သူလူဦးရေး ၃ သန်းထက်နည်းတဲ့ မြို့များနဲ့ လူဦးရေ ငါးသန်းအထိရှိတဲ့မြို့ တွေသို့ ပြောင်း ရွှေ့မှုကိုလည်း အပြည့်အဝဖြေလျော့ပေးမှာဖြစ်ကြောင်း ဘေဂျင်းနေ့စဉ် သတင်းစာမှာ ဖော်ပြထားတာပါ။ အခုလိုဖြေလျော့ပေးလိုက်တာဟာာ တရုတ်နိုင်ငံရဲ့ ၁၄ခုမြောက်…
နယူးဒေလီ – ဩဂုတ်(၄) အိန္ဒိယနိုင်ငံဟာ ပြည်တွင်းကုန်ထုတ်လုပ်မှုကို တွန်းအားပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ လက်ပ်တော့၊ တက်ဘလက်နဲ့ တကိုယ်ရည်သုံးကွန်ပျူတာ တင်သွင်းမှုတွေကို ကန့်သတ်လိုက်တယ်လို့ ဩဂုတ် လ(၃) ရက်နေ့မှာ အစိုးရက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ “သူတို့ရဲ့ တင်သွင်းမှုကို ကန့်သတ်ထားတဲ့ သွင်းကုန်တွေအတွက် တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသွား မှာပါ” လို့ သတိပေးချက်တွင် ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ…
မနီလာ – ဩဂုတ်(၄) မနီလာပင်လယ်အော်ရှိ ကျွန်းတု ပြန်လည်ပြင်ဆင်ရေး စီမံကိန်းကို တရုတ်ကုမ္ပဏီနဲ့ပူးပေါင်း နေတာနဲ့ပတ်သက်ပြီး လုံခြုံရေးအပါအဝင် သဘာဝပတ်ဝန်းကျင် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ အမေရိကန်သံအမတ်တွေက ဖိလစ်ပိုင်အစိုးရကိုပြောခဲ့ပါတယ်။ အမေရိကန်သံရုံးနဲ့ ဖိလစ်ပိုင်ရေတပ် ဌာနချုပ်တွေရဲ့ အရှေ့ဘက်ရှိ ရေနယ်(၃၁)ဟက်တာကို ပြန်လည်ရရှိနိုင်မယ့် စီမံကိန်းကို ဝါရှင်တန်အစိုးရက ပိတ်ဆို့အရေးယူထားတဲ့ တရုတ်ရဲ့ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး လက်ဝေခံကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ “စီမံကိန်း၏ ဘဘာဝပတ်ဝန်းကျင်အပေါ်…
လက်နက်အားကိုးနဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက် တမ်းထပ်တိုးခဲ့တာပါ။ အရေးပေါ်ကာလသက်တမ်းတိုးမှုဟာ တိုင်းပြည်မတည်ငြိမ်တာအပြင် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ဖို့ သက်တမ်းတိုးရတာလို့ စစ်ကောင်စီက အကြောင်းပြထားပါတယ်။ စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်းထပ်တိုးမှုအပေါ်…
ဘုတ်ပြင်း၊ သြဂုတ်(၃) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ထောင်မွန်ကျေးရွာနေ မိသားစု ၃ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ဖခင်နဲ့မိခင်ဖြစ်သူသေဆုံးပြီး သားဖြစ်သူပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တိုင်း (ပကဖ) တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ အသက် ၆၈နှစ်အရွယ် ဦးခင်မောင်လွင်တို့ မိသားစုနေထိုင်တဲ့ ဥယျာဉ်ခြံထဲက နေအိမ်မှာရှိနေချိန်…
မော်လမြိုင်၊ သြဂုတ်(၃) AAPP ရဲ့ သြဂုတ်(၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၁၃)ရက်အတွင်း ပြည်သူ (၃၈၆၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၁၃၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၄၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
ရန်ကုန်၊ သြဂုတ်(၃) နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးကနေ စစ်ကောင်စီ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၈၀၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု မရှိသလောက် နည်းပါးနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီဟာ သြဂုတ် ၁ ရက်နေ့မှာ ကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့…
မော်လမြိုင်၊ သြဂုတ်(၃) ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှု ကျဆင်းစေဖို့အတွက် စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာ ထိရောက်မှုမရှိနိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီက ပြည်သူတွေ စားဝတ်နေရေး ပြေလည်မှုရှိစေဖို့ အခြေခံစားသောက်ကုန်ဈေးနှုန်းအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ထိန်သိမ်းဆောင်ရွက်နိုင်ဖို့အတွက်ဆိုပြီး ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအနေနဲ့ အခြေခံစားကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊…