အမေရိကန်နဲ့ နည်းပညာပွတ်တိုက်မှုမြင့်တက်ချိန်မှာ တရုတ်အစိုးရက ဒရုန်းတွေ ပြည်ပတင်ပို့မှု ကို ကန့်သတ်
ဘေဂျင်း- သြဂုတ်(၂) နည်းပညာလက်လှမ်းမီနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ တင်းအားတွေမြင့်တက်လာ ချိန်မှာ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း ပြည်ပတင်ပို့မှုကို ထိန်းချုပ်သွားမယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။ ဒီလိုကန့်သတ်ရတာဟာ “နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွား”ကို ကာကွယ်လိုတာကြောင့်ဖြစ် တယ်လို့လည်း ပြောဆိုထားတာပါ။ ပစ္စည်းကိရိယာတွေအပေါ်ကန့်သတ်ချက်မှာ တချို့သော ဒရုန်းအင်ဂျင်တွေ၊ လေဆာတွေ၊ ဆက် သွယ်ရေး ကိရိယာတွေနဲ့ ဒရုန်းဆန့်ကျင်ရေးစနစ်တွေပါဝင်ပြီး အဲဒီကန့်သတ်ချက်ဟာ စက်တင် ဘာလ…