July 19, 2023

ဆန္ဒပြမှုတွေဟာ တရားစီရင်ရေး ပြန်လည်ပြင်ဆင်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အစ္စရေး ဝန်ကြီးပြော

ဂျေရုဆလင်၊ ဇူလိုင်(၂၀) နိုင်ငံတွင်းဆန္ဒပြမှုတွေဟာ ကြီးကြီးမားမား ပိုမိုဖြစ်ပွားလာပါက အစ္စရေးအစိုးရဟာ တရားစီရင် ရေးကဏ္ဍကို ပြန်လည်ပြင်ဆင်ဖို့ သူ့ရဲ့ သဘောထားကွဲလွဲမှုကို ပြန်လည်စဉ်းစားနိုင်ဖွယ်ရှိတယ် လို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဇူလိုင်လ (၁၉) ရက်နေ့က ပြောကြားခဲ့ပါတယ်။ လာမယ့် ဇူလိုင်လ (၂၃)နဲ့ (၂၄) ရက်နေ့တို့မှာ အတည်ပြုဖို့ တရားရုံးချုပ်ရဲ့ အခွင့်အာဏာတွေကို ကန့်သတ် မယ့် အပြိုင်အဆိုင်…

သမ္မတဟောင်းဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ပွဲကိစ္စ ICC ကတိုက်ရိုက်စစ်ဆေးဖို့ ဆုံးဖြတ် ချက်ကို ဖိလစ်ပိုင်အစိုးရ ပိတ်ဆို့ဖို့ ကြိုးစား

မနီလာ – ဇူလိုင်(၂၀) ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲအတွင်း ထောင်နဲ့ချီတဲ့လူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပိတ်ဆို့တားဆီးဖို့ ဖိလစ်ပိုင်အစိုးရ ရဲ့ ကြိုးပမ်းမှုကို နိုင်ငံတကာတရားရုံး ICC ရဲ့ အယူခံတရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။ မစ္စတာဒူတာတေး အုပ်ချုပ်မှုအောက်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် ဖြစ်နိုင်ချေရှိတဲ့ အမှုအခင်းတွေကို တရားဝင်စုံစမ်းစစ်ဆေးဖို့ ICC…

ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ပေကျင်းမှာတွေ့ဆုံ

ပေကျင်း – ဇူလိုင်(၂၀) အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟန်ရီကစ်စမ်ဂျာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၈) ရက်နေ့က ပေကျင်းမှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဟန်ရီကစ်စမ်ဂျဟာ ပုဂ္ဂလိက ပြည်သူတစ်ဦးအဖြစ် လီနဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူး မီလာက ပြောခဲ့တာပါ။ ဒါ့အပြင်သူဟာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ…

အာဇာနည်နေ့ အခမ်းအနားကို S.O.F ရှေ့တန်းစစ်ကြောင်းတွေနဲ့ တပ်ခွဲတွေမှာ တပြိုင်တည်း ကျင်းပ

မော်လမြိုင် – ဇူလိုင်(၁၉) ၇၆ နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ရှေ့တန်း စစ်ကြောင်းတွေနဲ့ တပ်ခွဲတွေမှာ တပြိုင်တည်း ကျင်းပခဲ့ကြတယ်လို့ S.O.F က သတင်းထုတ်ပြန်ထားပါတယ်။ အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုတာ၊ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ကျဆုံးခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေကို အလေးပြုတာနဲ့…

ဟွန်းတီး ဥဩဆွဲပြီး အာဇာနည်တွေကို ဟန်ဆောင်ချစ်ပြနေတဲ့ စစ်ကောင်စီ

ပြီးခဲ့တဲ့ စစ်အစိုးရများလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များရဲ့ ဓာတ်ပုံတွေ အစိုးရရုံးခန်းတွေမှာ ချိတ်ဆွဲခွင့်မပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ရုံးခန်းတွေက ဖြုတ်ချခိုင်းတာတွေဟာ စစ်အုပ်စုရဲ့ အာဇာနည်ခေါင်းဆောင်တွေအပေါ် ထားရှိတဲ့ သဘောထားကို ပေါ်လွင်ပြီးဖြစ်ပါတယ်။ သံလွင်တိုင်းမ်/ထက်ထက်အောင် ဒီနှစ် ဇူလိုင်လ ၁၉ ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြရတဲ့ ဝမ်းနည်းဖွယ်အထိမ်းအမှတ်ဖြစ်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မတရားသဖြင့်…

“စစ်ကောင်စီက ပြည်တွင်းထဲက စစ်ရှောင်ဆိုလည်း နေ့စဉ်နဲ့အမျှဗုံးကြဲတာ။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ထုတဲ့ဟာမျိုးတွေရှိတဲ့အခါ ကျွန်တော်တို့က အန္တရာယ်ရှိတယ်”

ကယားပြည်နယ်(ကရင်နီ)မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ နယ်စပ်ဒေသတွေ ကနေတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံသူ ၅၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုပါ ကျုးလွန်ထားပါတယ်။ ဒါ ကြောင့် လတ်တလော နှစ်ဖက်တိုက်ပွဲ အခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့…

“ဒေါ်အောင်ဆန်းစု ကြည်ကို ကလိမ်ကကျစ်နဲ့ အသုံးချတယ်ဆိုတာ လူတိုင်းလည်းသိတယ်။ မြန်မာပြည်သူအ ကုန်လုံးလည်း သိတယ်။ ဒီကိစ္စကသူတို့ လုပ်ရပ်က လုံးဝမအောင်မြင်ဘူး။ လူရယ်စရာကြီးဖြစ်နေတယ်။ သူတို့ ရဲ့မရှိတော့တဲ့ သိက္ခာထပ်ပြီးကျသွားတဲ့ အနေအထားပဲရှိတယ်”

ထောင်ဒဏ်အနှစ် ၃၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း သူတို့နှစ်ဦးတွေ့ဆုံမှု မှန်ကန်ကြောင်းနဲ့ ဘာတွေဆွေးနွေးကြလဲဆိုတာ အသေးစိတ်မသိရဘူးလို့ ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုထားပါတယ်။…

မော်လမြိုင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူတွေကို အရေးပေါ် ပြောင်းရွှေ့နေရ

မော်လမြိုင်၊ ဇူလိုင် ၁၉ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇူလိုင် ၁၈ ရက်နေ့ကတည်းက မိုးသည်းထန်စွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်က ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။ ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက်အစောပိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်း‌ခဲ့တဲ့အတွက် မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်မှာ အဆောက်အဦး အုတ်တံတိုင်းပြိုကျခဲ့လို့ လူ ၂…