Running low on air, fire fighters from Wagons Hut Services Incorporated Fire and Emergency Service get their oxygen tanks replaced while fighting a fire June 8, 2006 that broke out in the early morning at Mujdats restaurant and jewelry on FOB Marez in Mosul, Iraq. (U.S. Air Force photo by TSgt Jeremy T. Lock) (Released)

မက်ဒရစ် – ဇူလိုင်(၁၈) 

စပိန်နိုင်ငံ၊လာပါမားကျွန်းပေါ်က ဒေသခံအနည်းဆုံး(၄၀၀၀) ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးခဲ့ရပြီး တောမီးကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမားတွေ ကြိုးပမ်းနေတယ်လို့ စပိန်အာဏာပိုင် တွေက ပြောပါတယ်။ 

လာပါမားတောမီးလောင်မှုဟာ ကျွန်းရဲ့ မြောက်ဘက်က သစ်တောဧရိယာမှာ စနေနေ့ အစောပိုင်း က စတင်လောင်ကျွမ်းခဲ့ပြီး ပွန်တာဂေါ်တာနဲ့ အိမ်နီးချင်းရွာတွေက လူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတာပါ။

အာဖရိကအနောက်ဘက်ကမ်းရိုးတန်းမှ ကာနာရီးကျွန်းစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကျွန်းပေါ် မှာရှိတဲ့ မြေပြင်မီးသတ်သမား(၃၀၀) က တောမီးကိုထိန်းချုပ်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ 

“ခက်ခဲပါတယ်၊ ရွေ့လာနေတဲ့လေပြင်းနဲ့ နောက်ဆုံးရက်တွေရဲ့ အပူရှိန်ကြောင့် နည်းနည်းခက် ခဲပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဆက်ထိန်းထားပါတယ်” လို့ အသက်(၄၆) နှစ်ရှိတဲ့ မီးသတ် သမား ဂျိုးစ်ဖာနန်ဒက်စ်က ရိုက်တာကို ပြောပါတယ်။

မီးသတ်သမားတွေဟာ လမ်းမပေါ်မှာ မီးတာေက်ပြင်းထန်မှုရပ်တန့်ပြီး နောက်ထပ်မကူးစက် စေဖို့အတွက် နည်းပညာဆိုင်ရာ မီးလောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“အခုတော့ ဒီပတ်၀န်းကျင်မှာ နည်းပညာပိုင်းဆိုင်ရာ မီးလောင်မှုတွေ လုပ်နေပါတယ်။ ဒီလျှောစောက်ကို စတင်လောင်ကျွမ်းစေမှာ ဖြစ်ပြီး ဆင်းပြီး လမ်းမှာ ရပ်သွားမှာပါ” လို့ မီးသတ်သမား မန်နူရယ်က ဆိုပါတယ်။ 

“ဒါက ဒီဧရိယာအားလုံးကို လုံခြုံအောင်လုပ်ဖို့နဲ့ အိမ်တွေကို လုံခြုံစေဖို့ ကြိုးစားမှာပါ။ ညဘက်မှာ လေက တောင်ထိပ်ကနေ အောက်ဘက်ကို ဆင်းလာပြီး ဒီနေရာကို မပိတ်နိုင်ရင် ခုန်ကျော်သွားနိုင်တယ်” လို့ သူကပြောပါသေးတယ်။  

မီးလောင်မှုကြောင့် အိမ်ခြေ(၂၀)ထက်မနည်း ပျက်စီးခဲ့ရပြီး မြေဧက (၁၁၄၉၀) ကျော် ထိခိုက် ခဲ့တယ်လို့ ဒေသခံတွေက အာဏာပိုင်တွေကိုပြောပါတယ်။ 

“ဒေသခံတွေက သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာဖို့ ငြင်းဆိုမှုတွေရှိခဲ့ပေမယ့် ပြည်သူတွေကို တာဝန် သိပေးဖို့ တောင်းဆိုပါတယ်” လို့ ဥက္ကဌ ကာဗီဂျိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

တီနီရီဖီဒေသမှာ စနေနေ့က လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် လူ(၅၀) ခန့်ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး ဟက်တာ(၆၀)ခန့် ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။ 

စပိန်ဘုရင် ဖီးလစ်ပီကလည်း လာပါမားက ပြည်သူတွေကို သူ့ရဲ့ထောက်ခံမှုကိုဖော်ပြဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက ဥက္ကဋ္ဌ ကာဗီဂျိုဆီ ဖုန်းခေါ်ဆိုခဲ့တယ်လို့ စပိန်တော်ဝင်နန်းတော်က ထုတ်ပြန် ထားပါတယ်။ 

လက်ရှိတောမီးလောင်ကျွမ်းမှုဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး နောက်ပိုင်း ပထမဆုံးသော သဘာဝ ကပ်ဘေးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

တောမီးလောင်မှုကြောင့် အဆောက်အအုံပေါင်း(၂၀၀၀) ကျော်ပျက်စီးခဲ့ပြီး ကမ်ဘရီဗီဂျာမ မီးတောင်က ချော်ရည်တွေ စတင်ထွက်လာချိန်မှာ လူထောင်ပေါင်းများစွာဟာ နေအိမ်တွေက ထွက်ခွာခဲ့ရပြီး မီးတောင်ပေါက်ကွဲပြီး (၃)လကြာတဲ့အထိ ပြာတွေဟာ ကျွန်းကို လနဲ့ချီဖုံးအုပ် ထားတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.