June 2023

နှစ်နှစ်ဆယ်အတွင်း ပထဆုံးအကြိမ်အဖြစ် တရုတ်တက္ကသိုလ်တွေ ကျောင်းလခ ၅၄ ရာခိုင်နှုန်းအထိ တိုးမြှင့်

ဘေဂျင်း၊ ဇွန်(၇) တရုတ်နိုင်ငံမှာ ပညာရေးဘတ်ဂျက်တွေကို လျှော့ချခြင်းနဲ့ ဒေသန္တရအစိုးရတွေမှာ ဘဏ္ဍာရေး တင်းကျပ်လာမှု တွေကြောင့် တရုတ်တက္ကသိုလ်တွေရဲ့ ကျောင်းလခကိုတိုးမြှင့်လိုက်ပါတယ်။ ဒီလိုတိုးမြှင့်လိုက်တာဟာ ဆယ်စုနှစ်နှစ်စုအကြာအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးမြှင့်လိုက်တာဖြစ်တယ်လို့ လည်း သိရပါတယ်။ တင်းကျပ်တဲ့ ကိုဗစ်မူဝါဒကို ၃ နှစ်ကျော်ပြဌာန်းပြီး ဒေသအစိုးရတွေမှာ ဘဏ္ဍာရေးအကျပ် အတည်းတွေ ဖြစ်ပေါ်တာ၊ ဆင်းရဲမွဲတေလာမှုနဲ့ နောက်ကျနေတဲ့ စီးပွားရေး စတဲ့ အခြေအနေတွေကြားမှာ…

အင်ဒိုမှာ တစ်ခါသုံးပလက်စတစ်အသုံးပြုမှုကို ၂၀၃၀ မတိုင်ခင် တားမြစ်ဖို့လုပ်ဆောင်နေ

ဂျကာတာ – ဇွန်(၇) အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ၂၀၂၉ ခုနှစ်ကုန်မှာ တစ်ခါသုံး ပလက်စတစ်ထုတ်ကုန်တွေကို တားမြစ်ပိတ်ပင်သွားမျာဖြစ်တယ်လို့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီး စီတီနာဘျာ ဘာကာက ပြောပါတယ်။ ထုတ်လုပ်သူတွေကို အဲဒီအချိန်မှာ သူတို့ရဲ့ ပလက်စတစ်ထုတ်ပိုးအသုံးပြုမှုကို (၃၀) ရာခိုင်နှုန်း အထိ လျှော့ချဖို့ အမိန့်ထုတ်ထားတာပါ။ တားမြစ်ချက်မှာတော့ တစ်ခါသုံး ပလက်စတစ်စျေးဝယ်အိတ်၊ပလက်စတစ်ပိုက်နဲ့ ပလက်စတစ် ပန်ကန်ခွက်ယောက်တွေ…

အာဖဂ္ဂန်နစ္စတန်မှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ခွင့်ပြန်လည်ရရှိတော့မယ်

ကဘူးလ် – ဇွန်(၇) အာဖဂန်နစ္စတန်မှာ အမျိုးသမီးဝ်နထမ်းတွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ပြုပြီးနောက် တာလီဘန်အမြင့်ဆုံးခေါင်းဆောင်နေထိုင်တဲ့ တောင်ပိုင်ခရိုင်ဒေသန္တရဖြစ်တဲ့ ကန်ဒန်ဟာမှာ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီတွေဟာ သူတို့ရဲ့လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီဖြစ် ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ လွန်ခဲ့တဲ့လအတွင်း ကန်ဒါဟာရှိ အဓိက တာလီဘန်ခေါင်းဆောင်တွေက NRC ရဲ့ အမျိုးသမီးဝန်ထမ်းတွေအတွက် ကြားကာလသဘောတူညီချက်တစ်ရပ်ကို သဘောတူ ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်တယ်လို့ NRC အထွေထွေအတွင်းရေးမှူး အေဂီလန်က ဆိုထား ပါတယ်။…

Danger Force LPDF တပ်ဖွဲ့ တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်

စစ်ကိုင်း – ဇွန်(၆) စစ်ကိုင်းတိုင်း တစ်နေရာမှာ Danger Force LPDF တပ်ဖွဲ့တည်ထောင်ခြင်း(၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး တော်လှန်ရေးလုပ်ငန်းတွေကို Knight of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့အမည်နဲ့ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့မှာတော့ Danger Force…

မဘသ အမာခံ လီလီနိုင်ကျော်ပစ်သတ်ခံရတဲ့ သတင်းမှာ ကောမန့်ရေးခဲ့လို့ တေးရေးဆရာ အောင်နိုင်စန်း ဖမ်းဆီးခံထားရ

ရန်ကုန် – ဇွန်(၆) တေးရေးဆရာအောင်နိုင်စန်းနဲ့ ပြည်သူ(၄) ဦးကို လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု တွေပြုလုပ်တဲ့အတွက်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၃၀) ရက်နေ့က စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ သတင်းတင်ထားတဲ့ ပိုစ့်အောက် ကောမန့်ရေးခဲ့လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီက တေးရေးဆရာအောင်နိုင်စန်းအပြင် ရန်ကုန်မြို့…

သုံးလအတွင်း အမျိုးသမီး ၁၀၀ ကျော် ဖမ်းဆီးသတ်ဖြတ်ခံရ

ရန်ကုန်၊ ဇွန်(၆) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်မတ်လကနေ မေလအထိ ၃ လအတွင်း အမျိုးသမီး ၁၀၀ ကျော် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ(BWU)က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲဒီထဲမှာ မေလအတွင်း အမျိုးသမီး ၂၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီး ၁၄ ဦးဟာ စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ဝင်ရောက်စီးနင်းချိန်အတွင်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ…

KNU မုန်းမြို့နယ်က ဒေသခံ ၄၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

မုန်း၊ ဇွန်(၆) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၉)ရက်နေ့ ည(၈)နာရီခွဲအချိန်က စစ်ကောင်စီတပ်ကနေ မုန်းမြို့နယ်၊ မီးတိုင်တောကျေးရွာထဲကို လက်နက်ကြီး(၂)လုံး၊ အောင်ချမ်းသာကျေးရွာထဲကို လက်နက်ကြီး(၁)လုံးပစ်ခတ်ခဲ့ပြီး မေလ(၃၀)ရက်နေ့ကလည်း သာစည်ကျေးရွာထဲကို လက်နက်ကြီး(၅)လုံး၊ ကြက်တက်ညောင်ပင်ကျေး ရွာထဲကို…

စစ်အာဏာသိမ်း (၈၅၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၂၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၆) AAPP ရဲ့ ဇွန်(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၅၅)ရက်အတွင်း ပြည်သူ (၃၆၂၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၂၂၈ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…