March 2023

ကျိုက်ထိုမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံး

ကျိုက်ထို – မတ်(၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) နယ်မြေ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ဒေါင်းတောင်ရော်ဘာခြံမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မတ် ၃ ရက်နေ့ မနက် ၅ နာရီလောက်က ဒေါင်းတောင်ရော်ဘာခြံမှာ…

ထိုင်း-ကယားနယ်စပ်ကစစ်ကောင်စီ စခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်

ဖယ်ခုံ – မတ်(၃) ထိုင်းနိုင်ငံနဲ့ ကယားပြည်နယ် နယ်စပ်မှာရှိတဲ့ စစ်ကောင်စီ တောင်ကုန်းပွိုင့်အမှတ်(၁၄၄၁) စခန်း (၁) ကို ကရင်နီတပ်မတော်နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်(၅)စင်းအသုံးပြုပြီးလာရောက်ပစ်ခတ်နေလို့ ပြန်လည်ဆုတ်ခွာပေးထားရတယ်လို့ ကရင်နီစစ်ရေးသတင်းအချက်အလက်စင်တာ KMIC ကသံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီတောင်ကုန်းပွိုင့်မှာ စစ်ကောင်စီက စခန်းကုန်းနှစ်ခု အထိုင်ချထားတာဖြစ်ပြီး BP-12 ကောက်ကောက်စခန်းအနီးက ခ.လ.ရ-၁၃၅၊ခ.လ.ရ-၅၄ နဲ့ အမြောက်တပ်-၃၆၀ တို့…

“ကျောင်းသားတွေဆီမှာ ဒီလိုမျိုးစိတ်ဓာတ်တွေ ထွန်းကားတာ၊ ဒီမိုကရေစီစံနှုန်းတွေကို သိနေတာဟာ သူတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်”

အွန်လိုင်းပညာရေး Burma Academy အဖွဲ့ဝင် ကိုမင်းခန့်ကျော်လင်းနဲ့ ဆက်သွယ်မေးမြန်းချက်။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်းသင်ကြားနေတဲ့အတွက် ကိုယ်ပိုင်ကျောင်း တွေနဲ့ပတ်သက်တဲ့ စည်းကမ်း၊ဥပဒေတွေကို ထုတ်ပြန်ဖို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ကရင်ပြည်နယ်၊ ခရိုင်ပညာရေး မှူးတွေ အားလုံးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ညွှန်ကြားလာပါတယ်။ အဲဒီညွှန်ကြားချက်မှာ ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန်ပြီးရင် အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်းသင်ကြားတာနဲ့…

အာဏာသိမ်း ၂ နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ နီးပါး သတ်ဖြတ်ခံရ

အရာတော် ၊ မတ် ၂ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း စစ်တပ်က ကျန်းမာရေးဝန်ထမ်း ၇၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ၉၀၀ နီးပါး ဖမ်းဆီးခဲ့သလို ၇၈၀ ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီကနေ ဖေဖော်ဝါရီ ၂ လ…

ကယားပြည်နယ်က စစ်ကောင်စီစစ်ကြောင်းတွေမှာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ပူးပေါင်းပါဝင်လာ

လွိုင်ကော်၊ မတ်(၃) ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်က စစ်ကောင်စီ စစ်ကြောင်းတွေမှာ ပအိုဝ်းအမျိုးသားတပ်မ တော် PNO/ PNA ကနေ အသွင်ပြောင်းဖွဲ့စည်းထားတဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ပူးပေါင်းပါဝင် လှုပ်ရှားလာတယ်လို့ ကယားပြည်နယ်စစ်ရေး သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့က ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ထဲကို PNAနဲ့ စစ်ကောင်စီ ပူးပေါင်း တပ်က စစ်ကြောင်းထိုးလာပြီး နေ့လည်ပိုင်းမှာ…

စစ်အာဏာသိမ်း (၇၆၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၇၅ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၃) AAPP ရဲ့ မတ်(၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၆၀)ရက်အတွင်း ပြည်သူ (၃၀၇၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၉၆၉ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှု EAOsနဲ့ NUG တို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီစွပ်စွဲ

ရန်ကုန်၊မတ်(၃) မြန်မာနိုင်ငံအတွင်းက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုအားလုံးရဲ့ ရာနှုန်းပြည့်နီးပါးဟာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတချို့ EAOs နဲ့ NUG/PDF တို့ ဆက်စပ်ပတ်သက်နေတယ်လို့ စစ်ကောင်စီက တဖက်သတ်စွပ်စွဲလိုက်ပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလကုန်အထိ ၂ နှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ်ပစ္စည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆၆ သန်း နီးပါး…

NUG ကျောင်းတွေမှာ ကျောင်းအပ်နှံရင် အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ရန်ကုန် ၊ မတ် (၃) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တည်ထောင်ဖွင့်လှစ်ထားတဲ့ အွန်လိုင်းစာသင်ကျောင်းတွေမှာ ကျောင်း အပ်နှံရင် ကျောင်းသားမိဘတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာပါတယ်။ အွန်လိုင်းစာသင်ကျောင်းဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) မှာ ကျောင်း အပ်နှံထားကြတဲ့ ကျောင်းသား၊ကျောင်းသူ ၅၀၀ ကျော်ရဲ့ အချက်အလက် ပေါက်ကြားလာမှုကို…