March 22, 2023

ထိုင်းလေကြောင်းလိုင်းသစ် Really Cool နှစ်ကုန်ပိုင်းမှာပြေးဆွဲမယ်

ဘန်ကောက်၊ မတ်(၂၃) Really Cool လို့အမည်ရတဲ့ ထိုင်းနိုင်ငံရဲ့ လေကြောင်းလိုင်းအသစ်ဟာ ပြေးဆွဲမယ့်ခရီးစဉ်တွေကို လာမယ့် ဇွန်လမှာ စတင်မိတ်ဆက်ကြေညာပေးမှာဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာ လုပ်ငန်းလည်ပတ်မှုတွေ စတင်တော့ မယ်လို့ သိရပါတယ်။ အဲဒီလေကြောင်းလိုင်းဟာ နိုင်ငံတကာခရီးစဉ်တွေကို အဓိကဦးတည်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လေကြောင်း ကဏ္ဍပြန်လည်ရှင်သန်ရေးကို ကူညီသွားမှာဖြစ်သလို လေကြောင်းလိုင်းမှာ တိုးမြှင့်ဆောင်ရွက်ထားတဲ့ လုံခြုံရေးတစ်ရပ်ကို ရရှိခံစားသွားရစေမယ်လို့လည်း CEO မစ္စတာ ဖါတီ…

ချေးငွေ (၁၅.၆) ဘီလျံ ရယူဖို့ ယူကရိန်းနဲ့ IMF သဘောတူ

ကီးယက် – မတ်(၂၃) ယူကရိန်းနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က ယူကရိန်းရဲ့ ခိုင်မာတဲ့ စီးပွားရေးမူဝါဒတွေကို ကျင့်သုံးနေတဲ့ အစိုးရ ဘဏ္ဍာငွေတွေကို အသုံးချဖို့ ရည်ရွယ်ပြီး ဒေါ်လာ (၁၅.၆) ဘီလျံချေးငွေ အစီအစဉ်ကို သဘောတူခဲ့ကြပါတယ်။ ဒီအစီအစဉ်ဟာ ယူကရိန်းရဲ့ နိုင်ငံတကာမိတ်ဖက်တွေဆီက ဘဏ္ဍာငွေကောက်ခံဖို့ ကူညီပေးမှာ ဖြစ်ပြီး မက်ခရိုငွေကြေးဆိုင်ရာ တည်ငြိမ်မှုကိုထိန်းသိမ်းဖို့နဲ့ စစ်ပွဲမှာ ယူကရိန်းအောင်ပွဲခံပြီး နောက် စစ်ပြီးခေတ်ပြန်လည်တည်ဆောက်ရေး…

ထိုင်ဝမ်သမ္မတ ပြည်ပထွက်ခွာချိန် ကျွန်းနားဘေးအန္တရာယ်ကင်းရေး အစီစအဉ်းချမှတ်ခဲ့

တိုင်ပေ – မတ်(၂၃) ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ပသို့သွားရောက်ချိန်မှာ တရုတ်နိုင်ငံက ပြုမူလာနိုင်တဲ့ အခြေအနေတွေအတွက် အရေးပေါ်အစီစဉ်တွေထားရှိပြီး ဖြစ်သလို နောက်အပတ်အတွင်း ကျရောက်မယ့် ထိုင်ဝမ်သမ္မတရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်အလယ်ပိုင်း ခရီးစဉ် တွေမတိုင်ခင် နိုင်ငံရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီရဲ့ ခရီးစဉ်နောက်ပိုင်းမှာ တရုတ် အစိုးရက ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်အဖြစ်ပြောဆိုထားပြီး ကျွန်းအနီးမှာ အကြီးစားစစ်ရေး…

အုတ်တွင်းမှာ ရထားမိုင်းထိလို့ ခရီးသည်(၂) ဦးဒဏ်ရာရ

အုတ်တွင်း – မတ်(၂၂) ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ဘူတာနဲ့ ဇေယျဝတီဘူတာကြားမှာ ရထားမိုင်း ထိလို့ ခရီးသည်(၂) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မတ်လ(၂၂) ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်ကနေ မန္တလေးဘက်ကို ထွက်ခွာလာတဲ့ အမှတ်(၃) အဆန်လူစီးရထားဟာ ရထားလမ်းမိုင်တိုင်အမှတ် ၁၄၂/၉ နဲ့ ၁၄၂/၁၀ ကြားမှာ မိုင်းထိခဲ့တာပါ။ “ရထားမိုင်းထိတော့…

စစ်ကောင်စီထံ ပါတီမှတ်ပုံတင်ထားသူအားလုံးဟာ သမိုင်းတရားခံတွေ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – မတ်(၂၂) စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ထားသူတွေနဲ့ အလိုတူအလိုပါအဖွဲ့အစည်းတွေ ဟာ ပြည်သူ့သစ္စာစူးရောက်မယ့် သမိုင်းတရားခံတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာဟာ သူတို့အာဏာ…

ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRG စည်းရုံးလှုံ့ ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်

“အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်ခြင်းဟာဆိုရင် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားခြင်း ဥပဒေကို လုံးဝချိုးဖောက်ရာ ရောက်တယ်ပေါ့။ ခြုံပြောရမယ်ဆိုရင် ကျွန်တော်တို့ ကရင် ပြည်နယ်အတွင်းမှာ ဒီနှစ်လပိုင်း၊ သုံးလပိုင်း ၂၀၂၃ခုနှစ်အတွင်းမှာ လုံးဝလုံခြုံမှု မရှိသေးဘူး” ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ် ပိုမိုကျူးလွန်နေပြီး ၂၀၂၃ ခုနှစ်အတွင်း အဆုံးဝါး…

ဆေးသားအသစ်နဲ့ မြို့အိုကြီး

ဌေးဝင်း ခုနှစ်တွေ သက္ကရာဇ်တွေက နုပျိုခြင်း ရင့်အိုခြင်းတွေကို တိုင်းတာပေးတယ်။ အချိန်တစ်ခုမှာ နုပျိုခြင်းနဲ့ မာန်တက် ပျော်ရွှင် ကြည်နူးနိုင်ခဲ့သလို ကာလတစ်ခုအရောက်မှာ မာန်မာနတွေလျှောကျပြီး သံဝေဂလေနဲ့ ခရီးဆက်နေရတာ ဟာ လောက စက်ရဟတ် ဇာတ်ဝင်ခန်းရဲ့ မပါမဖြစ် အပိုင်းတစ်ပိုင်းပါဘဲ။ ဒါဟာ သက်ရှိ သတ္တဝါတွေအတွက်သာ အ ကျုံးဝင်တာ မဟုတ်ပေဘူး။ သက်မဲ့အရာတွေဟာလည်း ထိုဖြစ်စဉ်ထဲမှာ ဝင်ပါနေကြသည်လေ။…

KNU ညောင်လေးပင်ခရိုင်က ကျေးရွာပေါင်း ၄၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေးနေရ

ညောင်လေးပင်၊ မတ်(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဝင်ရောက် လှုပ်ရှားမှုတွေကြောင့် ကျေးရွာပေါင်း ၄၀ နီပါး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေခဲ့ရပြီး ဒေသခံတချို့လည်း ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ KNU ဗဟိုက မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုလ မတ်လ(၁)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ KNU ညောင်လေးပင်ခရိုင်…