December 30, 2022

လူမျိုးရေးဘာသာရေး အစွန်းရောက်မှုတို့၏ ကောက်ကြောင်းများဆိုတဲ့ စာတမ်းထုတ်ဝေ

မော်လမြိုင် – ဒီဇင်ဘာ(၃၀) ဉာဏ်လင်းသစ် သုတေသနအဖွဲ့က စစ်ကောင်စီနဲ့ သူတို့ကျောထောက်နောက်ခံပေးထားတဲ့ အမျိုးသားရေး အစွန်းရောက်တွေရဲ့အကြောင်းကို လူမျိုးရေး၊ဘာသာရေး အစွန်းရောက်မှုတို့၏ ကောက်ကြောင်းများ ဆိုတဲ့ စာတမ်းထုတ်ဝေထားပါတယ်။ ဒီစာတန်းမှာ အမျိုးသားရေးအစွန်းရောက် အင်အားစုတွေရဲ့ ဝါဒဖြန့်ချီမှုပုံစံတွေ၊ အမျိုးသား ရေး အစွန်းရောက်အင်အားစုတွေရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ လက်တွေ့ပါဝင် လုပ်ဆောင်နေမှုတွေ၊ စစ်ကောင်စီနဲ့ အမျိုးသားရေးအစွန်းရောက်တို့ရဲ့ ဝိရောဓိတွေ ဆိုတဲ့ အချက်တွေ အပါအဝင်…

အိန္ဒိယနိုင်ငံထုတ် ချောင်းဆေးပျောက်ဆေးရည်ကြောင့် ဥဇဘက်ကစ္စတန်မှာ ကလေးငယ်၁၈ဦးသေဆုံး

ဥဇဘက်ကစ္စတန်၊ ဒီဇင်ဘာ(၃၀) အိန္ဒိယ Marion Biotech ကုမ္ပဏီ မှ ထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်ကို သောက်သုံးပြီးနောက် အနည်းဆုံး ကလေးငယ် ၁၈ဦး သေဆုံးခဲ့ရတယ်လို့ ဥဇဘက်ကစ္စတန်ကျန်းမာရေး ဝန်ကြီးဌာနကပြောကြား လိုက်ပါတယ်။ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရချိန်မှာ Doc-1 Max ဆေးရည်သောက်ခဲ့တဲ့ ကလေး ၂၁ ဦးအနက် ၁၈ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီဆေးဟာ…

ထိုင်ဝမ်ကို တင့်ကားဖျက်စနစ်တွေ သန်း(၁၈၀) ဖိုး ရောင်းချဖို့ အမေရိကန်အတည်ပြု

တိုင်ပေ – ဒီဇင်ဘာ(၃၀) အမေရိကန် နိုင်ငံခြားရေဝန်ကြီးဌာနက တင့်ကားဖျက်စနစ်တွေ ပါဝင်တဲ့ ပရိုဂရမ်တစ်ခုကို ထိုင်ဝမ်နိုင်ငံအတွက် ဒေါ်လာ သန်း(၁၈၀) နဲ့ ရောင်းချဖို့ ခွင့်ပြုလိုက်တယ်လို့ ပင်တဂွန်စစ်ဌာန ချုပ်က ပြောပါတယ်။ ဒီအစီအစဉ်ကို Northrop Grumman နဲ့ Oshkosh ကော်ပိုရေးရှင်းတို့ဟာ ရောင်းချမှုရဲ့ အဓိက ကန်ထရိုက်တာတွေဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်အတွင်း…

အာဖဂန်မှာ ကုလသမဂ္ဂရဲ့ အမျိုးသမီး အလုပ်သမားတွေကို တာလီဘန်တွေ ပိတ်ပင်

ကဘူးလ် – ဒီဇင်ဘာ(၃၀) အာဖဂန်နစ္စတန်မှာ အမျိုးသမီးအလုပ်သမားတွေကို တာလီဘန်က ပိတ်ပင် လိုက်တဲ့အတွက် အရေးကြီးတဲ့ ပရိုဂရမ်တချို့ ယာယီရပ်ဆိုင်းထားလိုက်ရသလို တခြား လှုပ်ရှား မှုတွေလည်း ခေတ္တရပ်နားထားရတော့မှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂအေဂျင်စီနဲ့ အကူအညီပေးရေး အစုအဖွဲ့တွေရဲ့ အကြီးအကဲဖြစ်တဲ့ ကုလသမဂ္ဂအကူ အညီပေးရေးအကြီးအကဲ မာတင်ဂရစ်ဖစ် က အကူအညီပေးဝေမှုမှာ အမျိုးသမီး တွေရဲ့ ပါဝင်မှု ဟာ…

“ဒီNDAAရဲ့ သက်ရောက်မှုကြောင့် မြန်မာ့နွေဦးတော်လှန်ရေးဟာ အောင်ပွဲနဲ့ပိုပြီးတော့ နီးစပ်သွားပြီလို့ ကျွန်တော်တို့ကတော့ အကဲဖြတ်ပါတယ်”

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်။ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာ ကွယ်ရေးအက်ဥပဒေ NDAA ဟာ အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်းနဲ့အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်ဆိုပြီး စစ်ကောင်စီဘက် က အပြင်းအထန်ကန့်ကွက်နေပါတယ်။ ဒါကြောင့် NDAA ဥပဒေအပေါ် စစ်ကောင်စီ ဘာကြောင့် အပြင်းအထန်ကန့်ကွက် နေတာလဲ။ NDAA ဥပဒေက ဘယ်လို…

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် ထောင်(၄)နှစ်ချခံရ၊ စုစုပေါင်းထောင်ဒဏ် (၇) ရှိလာ

ရန်ကုန် – ဒီဇင်ဘာ(၃၀) နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်ကို အင်းစိန်အထူးတရားရုံးက ထောင်ဒဏ်(၄) နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၉) ရက်နေ့က အင်းစိန်ထောင်အထူးတရားရုံးကနေ ပေါက်ကွဲစေတက်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ (၅) နဲ့ ထောင်ဒဏ်(၄) နှစ်ချမှတ်လိုက်တာဖြစ်ပြီး အရင်က နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ်(၃) နှစ်ချမှတ်ထားတဲ့အတွက် စုစုပေါင်းထောင်ဒဏ် (၇)…

ဘရာဇီးလ်ဘောလုံးဂန္ထဝင် ပီလီ ကွယ်လွန်

မော်လမြိုင်၊ ဒီဇင်ဘာ ၃၀ အူမကြီးကင်ဆာနဲ့ ဆေးကုသမှု ခံယူနေတဲ့ အသက် ၈၂ နှစ်အရွယ် ဘရာဇီးလ်ဘောလုံးဂန္ထဝင် ကစားသမား ပီလီဟာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာလိုက်ပါတယ်။ ကမ္ဘာ့ဖလားကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် တစ်ဦးတည်းသော ကစားသမားဖြစ်တဲ့ ဘောလုံးဂန္ထဝင် ပီလီဟာ ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့ ၊ အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံမှာ…

ဘီးလင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ ဒီဇင်ဘာ(၃၀) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးစောစိုးသိန်းဟာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၇ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစောစိုးသိန်းကို အမည်မသိသေနတ်သမားတွေက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီးနောက် နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးဦးစောစိုးသိန်းဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ်တွေမှာ သေနတ်ဒဏ်ရာ ၆…

စစ်အာဏာသိမ်း (၆၉၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၈၅ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၃၀) AAPP ရဲ့ ဒီဇင်ဘာ (၂၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၇)ရက်အတွင်း ပြည်သူ (၂၆၈၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၆၅၁ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၆၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…