November 2022

စာရေးဆရာအကြည်တော်ရဲ့ နောက်ဆုံးခရီး

ရန်ကုန် – နိုဝင်ဘာ(၁၁) ဟာသလုံးချင်းဝတ္ထုတွေရေးသားခဲ့တဲ့ စာရေးဆရာအကြည်တော် ကို ဒီနေ့ နိုဝင်ဘာလ(၁၁) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ဂူသွင်းသင်္ဂြိုလ်ခဲ့ပါတယ်။ စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၉) ရက်နေ့ ည(၈) နာရီခွဲက ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၅၁) နှစ်ရှိပြီဖြစ် တယ်လို့…

ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

ပုလော၊ နိုဝင်ဘာ (၁၁) တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ပုလောမြို့နယ် တပို့ကျေးရွာမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းကို ပုလောကရင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် နိုဝင်ဘာ ၉ ရက်နေ့မှာလည်း…

သထုံမြို့နယ်မှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး တိုက်ခိုက်ခံရလို့ သေဆုံး

သထုံ၊ နိုဝင်ဘာ (၁၁) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းက ပြည်သူတစ်ဦးကို ဖမ်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦး အပါအဝင် ၃ ဦးသေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်းစိန်ကျေးရွာက…

စစ်အာဏာသိမ်း (၆၄၈) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၃၂ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၁) AAPP ရဲ့ နိုဝင်ဘာလ (၁၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၈)ရက်အတွင်း ပြည်သူ (၂၄၃၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၃၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ကယားပြည်နယ်ထဲက နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝင်ခွင့်မပြုဘူးလို့ KNPP ပြော

လွိုင်ကော်၊ နိုဝင်ဘာ (၁၁) အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကယားပြည်နယ်ထဲက နိုင်ငံရေးပါတီတွေကို ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့်၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် မဲစာရင်းပြုတာ၊ လူဦးရေစာရင်း ကောက်ယူတာနဲ့ မဲရုံတည်နေရာ သတ်မှတ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ စတင်…

ကျိုက်ထိုမြို့နယ်က ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ကျိုက်ထို၊ နိုဝင်ဘာ (၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး တပ်အင်အား…

စီးပွားရေးကဏ္ဍတစ်ခုလုံးကို ဗဟိုချုပ်ကိုင်မှုစနစ် ဖန်တီးဖို့ စစ်ကောင်စီ ဦးတည်ကြိုးပမ်းလာ

ရန်ကုန်၊ နိုဝင်ဘာ (၁၁) အာဏာသိမ်း စစ်ကောင်စီက စီးပွားရေးကဏ္ဍမှာ ငွေကြေးထိန်းချုပ် ကန့်သတ်ချက်တွေကို နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေတာဟာ ဗဟိုချုပ်ကိုင်မှုစနစ် ဖန်တီးဖို့ ဦးတည်ဆောင်ရွက်နေတယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ သုတေသီတွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စီးပွားရေးကဏ္ဍတစ်ခုလုံးကို ဗဟိုချုပ်ကိုင်မှုစနစ် ဖန်တီးအတွက် နည်းမျိုးစုံသုံးပြီး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။အဲဒီထဲမှာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင်မူ သွင်းကုန်ပစ္စည်း တင်သွင်းတဲ့နေရာမှာ တဖက်နိုင်ငံကို ပို့ကုန်တင်ပို့ခြင်းကနေ…

ကန့်ကွက်မှုတွေ ရှိနေပေမယ့် မွန်ပြည်သစ်ပါတီ စစ်ကောင်စီနဲ့ တတိယအကြိမ် သွားတွေ့

မော်လမြိုင်၊ နိုဝင်ဘာ (၁၁) မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်တွေ ကန့်ကွက်နေတဲ့ကြားက မွန်ပြည်သစ်ပါတီဟာ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ နေပြည်တော်မှာ တတိယအကြိမ် ငြိမ်းချမ်းရေး လာရောက် ဆွေးနွေးနေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်…

အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီ အမှုနှစ်မှု ထပ်တိုး

ရန်ကုန် – နိုဝင်ဘာ(၁၀) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီ ကအမှု နှစ်မှုထပ်တိုးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ မဆုရည်လင်းကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်း တရားရုံးမှာပုဒ်မ ၅၀၅(က) နဲ့ ပြီးခဲ့တဲ့ မတ်လ (၃၁) ရက်နေ့က ထောင်ဒဏ်(၃) နှစ်ချမှတ်ခဲ့တာပါ။ စစ်ကောင်စီက ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို ရာဇဝတ်မှုတွေဖြစ်တဲ့ ပုဒ်မ…

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ဗဟိုကနေ YDF ထီးလင်းကာကွယ်ရေးတပ်ဖွဲ့ နှုတ်ထွက်

ထီးလင်း – နိုဝင်ဘာ(၁၀) မကွေးတိုင်း ထီးလင်းမြို့နယ် အခြေစိုက် YDF ထီးလင်းကာကွယ်ရေးတပ်ဖွဲ့က ယောကာကွယ် ရေးတပ်ဖွဲ့ YDF ဗဟို အဖွဲ့ကနေ နှုတ်ထွက်လိုက်တယ်လို့ ဒီနေ့ နိုဝင်ဘာလ(၁၀) ရက်နေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။ YDF ဗဟိုလက်အောက်ခံတပ်ဖွဲ့အဖြစ်က နှုတ်ထွက်တာကို ယောကာကွယ်ရေးတပ် YDF (ထီးလင်း)နဲ့ YDF ထီးလင်းရုံးအဖွဲ့က တာဝန်ရှိသူတွေပါတဲ့ အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၂၂)…