ရန်ကုန် – အောက်တိုဘာ(၅)
ဦးနှောက်သွေးကြောပေါက်ကာ ပြီးခဲ့တဲ့ အောက်တိုဘာ လ(၃) ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာ ကြည်ဇော်အေးကို မနက်(၁၁)နာရီမှာ ရေဝေးသုသာန်မှာသင်္ဂြိုလ်ခဲ့ပါတယ်။
ဆရာကြည်ဇော်အေးရဲ့ နောက်ဆုံးခရီးကို သူ့ရဲ့ ပရိသတ်တွေ သူ့ကို ချစ်ခင်ကြတဲ့ ကဗျာဆရာ တွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ကွယ်လွန်သူကို ရည်စူးပြီး အောက်တိုဘာလ(၇) ရက်နေ့ မနက်(၁၀) နာရီမှာ ဗဟန်းမြို့နယ် လိပ်ပြာ ကန်အလယ် ကျောင်းတိုက်မှာ ရက်လည်ဆွမ်းသွပ်တရားနာမှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သစ္စာနီ(Facebook)