ဒါကာ – ဇူလိုင်(၈) 

ဇူလိုင်လ ပထမငါးရက်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ကြောင့်အနည်းဆုံးလူ(၃၂) ဦးသေဆုံးခဲ့ တယ်လို့ Aljazeera သတင်းဌာနက ပြုစုထားတဲ့ အချက်အလက်တွေအရ နိုင်ငံအတွင်း ကူးစက် မှု မြင့်တက်လာတဲ့အတွက် ကျွမ်းကျင်သူတွေက ကူးစက်မှုအသစ်ကြောင့် ဖြစ်တယ်လို့ ဆိုထား ပါတယ်။ 

တောင်အာရှနိုင်ငံဟာ ရောဂါကူးစက်မှုအသစ်(၂၀၀၀) နီးပါးနဲ့ ကိုဗစ်ကြောင့် သေဆုံးမှု (၇) ခုကို ဇူလိုင်လ(၅) ရက်နေ့က အစီရင်ခံခဲ့ပြီး (၁၆.၇၄) ရာခိုင်နှုန်းရှိတယ်လို့ ကျန်းမာရေးဝန်ဆောင်မှု များညွှန်ကြားမှုဦးစီးဌာန (DGHS) က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရသိရပါတယ်။ 

ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှုဦးစီးဌာန(DGHS) ရဲ့ စာရင်းတွေအရ သေဆုံးမှုစုစု ပေါင်းမှာ (၂၉၁၈၁) ဦးရှိခဲ့ပြီး ကပ်ရောဂါဖြစ်ပွားမှုဟာ ၂၀၂၀ အစောပိုင်းတည်းက စုစုပေါင်း ကူးစက်ခံရသူ (၂) သန်းအထိမြင့်တက်ထားပါတယ်။ 

ပြီးခဲ့တဲ့ တစ်လလောက်က ဘင်္ဂလားဒေ့ရှ်မှာ နေ့စဉ်ကူးစက်မှုနှုန်း (၁)ရာခိုင်နှုန်းအောက်သာ ရှိပြီး ကူးစက်မှုအသစ်(၄၃) ခုသာတွေ့ရှိထားတာဖြစ်ပါတယ်။ 

ကျွမ်းကျင်သူတွေက ဘင်္ဂလားဒေရှ်မှာ ကိုဗစ်စတုတ္ထလှိုင်း ရောက်ရှိလာမှာကို စိုးရိမ်နေသလို သေစေနိုင်တဲ့ အိုမီခရွန် မျိုးကွဲရဲ့ အမျိုးအစားခွဲအသစ်ကြောင့် ရောဂါဖြစ်ပွားမှုတိုးမြှင့်လာ တာဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။ 

ဘင်္ဂလားဒေ့ရှိနိုင်ငံ International Center For Diarrheal Disease Research က ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုမှာ အမျိုးအစားခွဲ BA.5 ဟာ နိုင်ငံအတွင်း လျင်မြန်စွာ ပျံ့နှံ့နေတယ်လို့ တွေ့ရှိ ထားပါတယ်။

“မကြာသေးမီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါဖြစ်ပွားမှုများ မြင့်တက်လာခြင်းနှင့် ဆေးရုံတက်ကုသရမှုအခြေအနေများသည် ပြည်သူ့ကျန်းမာရေးနှင့် လူမှုကာကွယ်ရေးဆိုင်ရာအတိုင်းအတာများကို နှိုးဆော်ထားခဲ့သည်” လို့ icddr,b ရဲ့  ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ(၁၄) ရက်ကနေ (၂၄) ရက်ကြား ခြောက်ပတ်အတွင်း အိုမီခရွန် BA.5 ဟာ အထင်ရှားဆုံးသော မျိုးကွဲဖြစ်လာတယ်လို့ သိရပါတယ်။ 

ထုတ်ပြန်ချက်အရ ဒီကာလအတွင်းမှာ ကိုဗစ်-19 တွေ့ရှိရတဲ့ ရောဂါဖြစ်ပွားမှုကို မျိုးရိုးဗီဇခွဲခြား တဲ့နည်းလမ်းနဲ့စစ်ဆေးချိန်မှာ ဖြစ်စဉ် (၅၂) ထဲက (၅၁) ခုမှာ BA.5 မျိုးကွဲတွေနဲ့ BA.2 ကြောင့် ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.