စစ်ကောင်စီက ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှု လုံးဝ ရပ်တန့်သွား
ထားဝယ် ၊ ဧပြီ (၂၇) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်း(မြန်မာ)ကို စစ်ကောင်စီဘက်က အကြောင်းပြချက် မရှိဘဲ ပိတ်သိမ်းလိုက်တာကြောင့် ကုန်စည်စီးဆင်းမှု လုံးဝ ရပ်တန့်သွားပြီးလို့ ကုန်သည်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းကို ဧပြီ ၂၄ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တာ ဖြစ်ပြီး ဘယ်တော့ ပြန်လည်ဖွင့်လှစ်ဆိုတာ ထုတ်ပြန်တာ မရှိပါဘူး။ ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့…