Radio Than Lwin Times(Episode 24/4)
Sound Cloud Link
Sound Cloud Link
Sound Cloud Link
ကိယက်ဗ် – ဧပြီ(၂၉) ရုရှားကျူးကျော်ခဲ့ချိန်မှာ စစ်ရာဇဝတ်မှုတွေကျူးလွန်ခံခဲ့ရတဲ့ ယူကရိန်းအတွက် တရားမျှတမှုဖော်ဆောင် နိုင်ဖို့အတွက် ကုလသမဂ္ဂအပါအဝင်နိုင်ငံအများအပြားနဲ့အဖွဲ့အစည်းတွေက ကတိပေးပြောဆိုခဲ့ကြပါ တယ်။ လက်ရှိမှာ ယူကရိန်းအစိုးရရှေနချုပ်က စစ်နဲ့ဆက်နွယ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေ ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုပေါင်း(၈၀၀၀) ကျော်အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ “ကျွန်မရဲ့ရိမ်မှုက ကျွန်ုပ်တို့တွေ နေ့တဒူဝ ရှုပ်ထွေးလာကြပြီး အာရုံပျံ့လွင့်လာမယ်၊ စစ်ပွဲအပါ် အာရုံထားမှု တစ်နေ့ထက်တစ်နေ့ လျော့နည်းလာပြီး လူတွေက…
ယူရို – ဧပြီ(၂၉) ကိုဗစ်အရေးပေါ်ကာလ ကာကွယ်ဆေးထိုးတာနဲ့ ကပ်ဘေးကာလ ယှဉ်တွဲနေထိုင်ဖို့ အသစ်ဖြစ် ပေါ်လာနိုင်တဲ့ကိုဗစ်လှိုင်းတွေအတွက် စမ်းသပ်နေချိန် ဥရောပ သမဂ္ဂ ဟာ အရေးပေါ်ကာလကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ အဲ့ဒီကြေညာချက်မှာ ပြင်းထန်တဲ့ အိုမီခရွန်မျိုးကွဲနဲ့ ကာကွယ်ဆေးထိုးနှံမှုမြင့်မားလာတဲ့အတွက် ဥရောပတလျှောက် သေဆုံးမှုတွေနဲ့ဆေးရုံတက်ကုသမှုဆိုင်ရာ ကိန်းဂဏန်းတွေ သိသာစွာ ကျဆင်းလာကာ နောက်ဆက်တွဲ ဆောင်ရွက်ချက်တွေထွက်ပေါ်လာပြီး ဥရောမရဲ့လေးပုံသုံးပုံမှာ အပြည့်အဝထိုးနှံထားပြီး ကျန်တဝက်မှာ ကာကွယ်ရေးအားဖြည့်အကြိမ်ရေအထိ…
နယူးဒေလီ – ဧပြီ(၂၉) အသက်သေစေနိုင်လောက်တဲ့အထိ ခြိမ်းခြောက်မှုတွေရှိနေတဲ့ အပူလှိုင်းတွေဟာ အိန္ဒိယနိုင်ငံကို တစ်လကြိုစောရောက်ရှိလာပြီး အမြင့်ဆုံးအပူချိန် (၁၀၀) ဒီဂရီဟာရင်ဟိုက်အထိ ရောက်ရှိကာ စံချိန်တင်အပူချိန်အဖြစ်ရောက်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းတိုမှာသာမက ပါကစ္စတန်တစ်လျောက်သာမန် အပူချိန်ထက်ပိုပြီး ၁၀-၁၅ ဒီဂရီဖာရင်ဟိုက်နဲ့အတူ ဒီသီတင်းပတ်အတွင်း အဆိုးရွားဆုံးအပူချိန် လှိုင်းထွက်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြင်းထန်ရာသီဥတုဆိုင်ရာပညာရှင် Scott Duncan က နိုင်ငံလူဦးရေရဲ့(၁၀)ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ(၁)ဘီလီယံဟာ…
ကြာအင်းဆိပ်ကြီး ၊ ဧပြီ (၂၈) ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝင်းရော်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊ စားနှပ်ရိက္ခာနဲ့ အထွေထွေကူညီမှုတွေ လိုအပ်နေတယ်လို့ ဝင်းရော်ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၃) ရက်နေ့ကစပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ တံခွန်တိုင်ကျေးရွာရဲ စခန်းနားမှာ KNLA တပ်မဟာ ၆ နဲ့…
ရန်ကုန် ၊ ဧပြီ (၂၈) စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေ အပါအဝင် စစ်ကောင်စီ ဒေါက်တိုင်အကြမ်းဖက် အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းတာ မလုပ်ဘဲ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်မယ်ဆိုရင် စစ်ရေးအရ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလ (၂၇) ရက်နေ့က သတိပေး ထုတ်ပြန်လိုက်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပျူစောထီးအဖွဲ့တွေနဲ့ ပတ်သက်ပြီး…
ကရာချီ – ဧပြီ (၂၈) ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမြို့မှာရှိတဲ့ တရုတ်ဘာသာစကား သင်ကြားရေး စင်တာ အနီးမှာ အသေခံဗုံးဖောက်ခွဲမှုလို့ ယူဆရတဲ့ ကားဗုံးပေါက်ကွဲမှုမှာ တရုတ်နိုင်ငံသား ဆရာမ သုံးဦးနဲ့ ယာဉ်မောင်းတစ်ဦးတို့ သေဆုံးခဲ့ရပြီး ဆရာတစ်ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဧပြီ လ ၂၆ရက် ညနေပိုင်းကဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ ကရာချီတက္ကသိုလ်ရဲ့ ကွန်ဖြူးရှပ် အင်စတီ ကျုအနီးက…
နေပြည်တော် ၊ ဧပြီ (၂၈) အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့မှာ ၉ ဖွဲ့ထိ တက်ရောက်နိုင်ခြေ ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဧပြီ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၃ ကြိမ်မြောက်…
ဝါရှင်တန် – ဧပြီ(၂၈) တရုတ်နိုင်ငံ၏ ဩဇာကြီးမာကျယ်ပြန့်လာတာနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားလုံခြုဲံရေး မဟာဗျူဟာကို လာမယ့်သီးတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့ သိရပါတယ်။ “မဟာဗျူဟာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလတ်တချို့ကို မကြာခင်မှာ လူသိရှင်ကြား ပြောဖို့ အခွင့်အရေးရမယ်ထင်ပါတယ်”လို့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီကြားနာပွဲမှာ ဘလင်ကန်က ပြောကြားခဲ့တာပါ။ ဘိုင်ဒင်အစိုးရရဲ့ သက်တမ်းတစ်နှစ်ေကျာ်အကြာထိ တရုတ်နိုင်ငံနဲ့ ဆက်ဆံဖို့ အဓိကမဟာဗျူဟာကင်းမဲ့…