မော်လမြိုင်_ဧပြီ(၈)

တပ်မတော်ကပေးအပ်တဲ့ တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်တာဟာ ကျေးဇူးတရားသိရှိတာ ဖြစ်တယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိုးဝင်းကပြောပါတယ်။

နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနဲ့ တောင်ကြီးတပ်နယ်က နယ်မြေခံတပ်တွေကိုသွားပြီး အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ပြီး အခုလိုပြောခဲ့တာပါ။

“နိုင်ငံတော်က ပေးအပ်တဲ့လစာရိက္ခာကို ရရှိခံစားနေတာဖြစ်တဲ့အတွက် သစ္စာအဓိဌာန်(၄) ချက်ပါ အတိုင်း နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ သစ္စာအပေါ်အလေးထားစောင့် ထိန်းဖို့လိုကြောင်း၊ ပေးအပ်တဲ့ တာဝန် ကိုကျေပွန်စွာထမ်းဆောင်ခြင်းဟာလည်း ကျေးဇူးတရားသိရှိတာဖြစ်တယ်” လို့ ဒုချုပ်စိုးဝင်းက ပြောခဲ့ တာပါ။

ဒါ့အပြင် သစ္စာစောင့်သိမှုမှာလည်း နှုတ်နဲ့ပဲ စောင့်သိနေလို့မရပဲ လက်တွေ့အမှန်တာဝန်သိမှု နဲ့ စောင့်ထိန်းဖို့လိုတယ်လို့ သူကပြောပါသေးတယ်။



တပ်မိသားစုဝင်တွေအနေနဲ့ အထက်အောက်အပြန်အလှန်လေးစားယုံကြည်ပြီး ကိုင်းကျွန်းမှီကျွန်းကိုင်မှီ စိတ်ဓာတ်နဲ့ နေဖို့လည်း ထပ်ခါတလှဲပြောနေတာလဲ တွေ့ရပါတယ်။

“စစ်တပ်ကပျက်နေပြီ အဲ့ဒါကြောင့် သူတို့က အသဲအသန်လိုက်ပြီးတော့ စည်းရုံးနေရတာ အခုစိုးဝင်းပြောထား တဲ့အထဲမှာလည်း အပြန်အလှန်စောင့်ကြည့်ဆိုတဲ့ပုံစံလည်းတွေ့ရတာပဲ သူတို့ကမကြာတော့ပါဘူး တပ်ပျက်နေ ပါပြီ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ ခေါင်းဆောင်တွေဟာ စစ်ရေးအရ အရေးနိမ့်တာများနေတဲ့ အတွက် လက်တွေ့မကျတဲ့စကားတွေကို တပ်မိသားစုဝင် တွေကိုလှည့်လည်ဟောပြောနေတာလဲတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တပ်မတော်အတွက်အသက်စွန့်နေရတဲ့အပေါ်ဂုဏ်ယူကြဖို့ ဗထူးတပ်မြို့ကတိုက်ခိုက် ရေးကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောခဲ့ပါသေးတယ်။

သတင်း_သံလွင်တိုင်းမ်
ဓာတ်ပုံ_ ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.