မော်လမြိုင် ၊ ဧပြီ (၁)

အဝေးပြေးယာဉ်လိုင်းတွေမှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်တွေကို စီးနင်းခွင့်မပြုဖို့ အာဏာသိမ်း စစ်ကောင်စီက မတ်လ နောက်ဆုံးအပတ်မှာ ညွှန်ကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လဝကဝန်ကြီးဌာနက ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

အခုအခါမှာတော့ အဝေးပြေးယာဉ်းတွေမှာ မှတ်ပုံတင်မပါရင် လက်မှတ်ရောင်းချတာ မလုပ်ဖို့နဲ့ မှတ်ပုံတင်ပါမှ စီးနင်းခွင့်ပြုဖို့ စစ်ကောင်စီက ထပ်မံညွှန်ကြားလာတာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အဝေးပြေးယာဉ်လိုင်းပိုင်ရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။
“ လမ်းမှာက အစစ်အဆေးတွေလည်း ရှိနေတော့ ထောက်ခံစာနဲ့ မရဘူး ။ လက်ရှိမှာလည်း မှတ်ပုံတင်ပါမှ ကျွန်တော်တို့ ရောင်းပေးနေတာပါ” လို့ ဆိုပါတယ်။



စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင် မှတ်ပုံတင် မရှိသေးတဲ့ ဘာသာခြားတွေနဲ့ မှတ်ပုံတင် ပျက်စီးပျောက်ဆုံးသူတွေရဲ့ ခရီးသွားလာရေးအတွက် ပိုမို အခက်ကြုံလာရဖို့ ရှိနေပါတယ်။

စစ်ကောင်စီကတော့ ဧပြီလ ၁ ရက်နေ့ကစလို့ ထောက်ခံစာပြပြီး ခရီးသွားလာတာ၊ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာမဟုတ်သလို မှတ်ပုံတင်အတုနဲ့ ကဒ်ပိုအတု ကိုင်ဆောင်တာတွေလည်း တည်ဆဲဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီက မှတ်ပုံတင်နဲ့သာ ခရီးသွားလာခွင့်ပြုမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ ပြည်သူတွေကို ဒုက္ခပေးဖို့သာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.