ဘန်ကောက် – မတ်၃၁

China Eastern Airlines ဘိုရင်း 737-800 ပျက်ကျမှု စုံစမ်းစစ်ဆေးဖို့ အတွက် အမေရိကန် စုံစမ်းစစ်ဆေးသူတွေနဲ့ နည်းပညာအကြံပေးတွေကို တရုတ်နိုင်ငံက ဗီဇာခွင့်ပြုပေးခဲ့တယ်လို့
အမေရိကန်ပြည်ထောင်စုဆိုင်ရာ သယ်ယူပို့ဆောင်ရေးနဲ့လုံခြုံရေးဘုတ်အဖွဲ့ NTSB က ပြောပါတယ်။

NTSB အဖွဲ့ဝင်တွေအပြင် ဖက်ဒရယ် လေယာဥ်ထုတ်လုပ်မှု အတတ်ပညာ စီမံခန့်ခွဲ့ရေး၊ ဘိုရင်း ကုမ္ပဏီနဲ့737-800 အင်ဂျင်ထုတ်လုပ်တဲ့ CFM နည်းပညာဆိုင်ရာအကြံပေးတွေကိုလည်း ဗီဇာထုတ် ပေးခဲ့တယ်လို့ သိရပါတယ်။

ဘိုရင်း 737-800လေယာဥ်ဟာ မတ်လ (၂၁) ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းဒေသက တောင်နံရံတခု ကိုဝင်တိုက်ခဲ့မိတာဖြစ်ပြီး ခရီးသည် (၁၃၂) ယောက်သေဆုံးခဲ့ကာ (၂၈) နှစ်အတွင်း တရုတ်နိုင်ငံရဲ့ သေဆုံးမှုအများဆုံး လေကြောင်းကပ်ဘေးတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။



ကယ်ဆယ်ရေးအဖွဲ့ ဝင်တွေဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေယာဥ် အကျိုးအပဲ့အပျက်အဆီး တွေထဲကနေ လေကြောင်းအချက်အလက်မှတ်တမ်းတင်တဲ့ Black Box ဒုတိယတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

အဲ့ဒီလေယာဉ်ပျက်ကျမှုအတွက် NTSB ဟာတရုတ် မြို့ပြလေကြောင်းစီမံခန့်ခွဲရေးနဲ့ပုံမှန် အဆက်အသွယ်ပြုလုပ်နေပြီး နိုင်ငံတကာ သဘောတူညီချက်အရသော်လည်းကောင်း၊ လေယာဥ်ကို အမေရိကန်ပြည်ထောင်စုမှာ ပုံဖော်တည်ဆောက်ထားတဲ့အတွက် NTSB အနေနဲ့အခုလို ဖြစ်စဉ်မှာ တရားဝင်ပါဝင်ခွင့်ရှိတာဖြစ်တယ်လို့သိရပါတယ်။

တရုတ်ဟာ နိုင်ငံတကာသဘောတူညီချက်တွေအရ လုပ်ဆောင်ဖို့လိုအပ်တဲ့အရာတွေကို လိုက်နာဆောင် ရွက်တဲ့အတွက် FFA အုပ်ချုပ်ရေးအရာရှိ စတိဗ် ဒစ်ဆန် က ဝမ်းသာအားရဖြစ်မိတယ်လို့ အင်္ဂါနေ့က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

လေယာဉ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်ပြည်ထောင်စု တို့ဟာ ကိုဗစ်-19 လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆွေးနွေးမှုတွေဆောင်ရွက်ထားတယ်လို့ လည်း သူကပြောပါသေးတယ်။

လေယာဥ်အင်ဂျင်ထုတ်လုပ်တဲ့CFM ဟာ General Electric နဲ့ France Safran တို့ဟာ အကျိုးတူစီးပွား ရေးလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Ref : South China Morning Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.