ဘန်ကောက်- မတ်၃၁

အာဖဂန်နစ္စတန်အရေးနဲ့ပတ်သက်ပြီး အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ပါကစ္စတန်နိုင်ငံတို့ ဧပြီလပထမပတ် မှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ တရုတ်နဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွေပြောပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို တရုတ်နိုင်ငံ မှာ ဆွေးနွေးသွားမှာဖြစ်ပြီး တာလီဘန်ကိုယ်စားလှယ်တွေကို ဖိတ်ကြား ထားတယ်လို့ သိရပါတယ်။

အာဖဂန်နစ္စတန်အတွက် အမေရိကန် အထူးကိုယ်စားလှယ် တွန်ဝက်စ် ဟာ Extended Troika လို့ခေါ်တဲ့ ကမ္ဘာ့အင်အားကြီး(၃) နိုင်ငံနဲ့ ပါကစ္စတန်တို့ဆွေးနွေးပွဲကိုတက်ရောက်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ကဆိုပါတယ်။

ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ကျောထောက်နောက်ခံပြုတဲ့ကိစ္စတွေအပါအဝင် အမေရိကန်တပ်တွေထွက်ခွါပြီး တာလီဘန်တို့ ပြန်လည်အသိမ်းယူပြီး ဘဏ္ဍာရေးအကူအညီ ဖြတ်တောက်မှုတွေကြောင့် အခုဆွေးနွေးပွဲ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။

တာလီဘန်တွေ ပါဝင်နိုင်တဲ့ အစိုးရဖွဲ့နိုင်ဖို့နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ပြီး အာဖဂန်စီးပွားရေးကို ပြန်လည်တည်ဆောက်ဖို့ တခြား အင်အားကြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဝေမျှထားတယ် လို့ အမေရိကန်က နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

အဲဒီအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သဘာပတိအဖြစ် ပြုလုပ်မှာဖြစ်ပြီး အာဖဂန် ယာယီနိုင်ငံခြားရေးဝန်ကြီး အမ်မာခမ်း မာတာကီ နဲ့ ပါကစ္စတန်၊ အီရန်၊ ရုရှား၊ တာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အင်ဒိုနီးရှားနဲ့ ကာတာနိုင်ငံတွေက သံတမန်တွေ တက်ရောက်မှာဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.