ဘန်ကောက် – မတ် ၃၁

ကူးစက်မှုဖြစ်ရပ်အသစ် (၅၉၈၂)ယောက်ရှိလာတယ်လို့ သတင်းအစီရင်ခံပြီးနောက် ဒီနေ့ မတ်လ(၃၀) ရက်နေ့ကစပြီး ရှန်ဟိုင်းမြို့အနောက်ဘက်တချို့နေရာတွေကို သတ်မှတ်အချိန်ဇယားထက်စောပြီး ပိတ်ထားလိုက်ပြီလို့သိရပါတယ်။

မြို့အရှေ့ဘက်နေထိုင်သူတွေကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး အသွားအလာကန့်သတ်ထားတာဖြစ် ပြီး အနောက်ဘက်ပိုင်းကိုတော့ သေကြာနေ့က (၄) ရက်ကြာအသွားအလာကန့်သတ်မှုစတင်ဖို့ တရားဝင်ကြေငြာချက်ထုတ်ပြန်ထားတာပါ။

လူ၂.၅ သန်းနေထိုင်တဲ့ မြို့အနောက်တောင်ဘက် မင်ဟန်ခရိုင်မှာလည်းအများပြည်သူ ဘတ်စ်ကား ဝန်ဆောင်မှုတွေကို ဧပြီ (၅)ရက်နေ့အထိတိုင် ခေတ္တရပ်ဆိုင်းထားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကပ်ဘေးထိန်းချုပ်ရေး အကြောင်းပြချက်နဲ့ အိမ်နီးချင်းရောဂါပိုးရှိသူတွေနဲ့အနီးကပ်ထိတွေ့ထားနိုင်တဲ့ အခြေအနေမှာရှိနေတဲ့အတွက် မြို့အနောက်ဘက်ခရိုင်တွေမှာနေထိုင်သူတွေကို နောက်ထပ်(၇) ရက်အထိ အိမ်ထဲမှာပဲနေဖို့ ညွှန်ကြားထားပါတယ်။



မတ်လ (၂၉) ရက်‌နေ့အထိ ကိုဗစ် 19 ကူးစက်မှုဖြစ်စဥ်မှာ (၅၆၅၆) ယောက်ရှိပြီး ရောဂါလက္ခဏာ မပြပဲကူးစက်ခံရသူဟာ (၃၂၆) ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။

အသွားအလာကန့်သတ်ချက်ကြောင့် ကားပစ္စည်းထုတ်လုပ်တဲ့အဓိကစက်ရုံနှစ်ခုကို သက်ရောက်ခဲ့ပြီး ကိုဗစ် 19 ကန့်သတ်ချက်တွေကြောင့် Aptiv နဲ့Thyssenkrupp တို့ဟာလည်း စက်ရုံရပ်နားဖို့အတွက် Tesla နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

ရှန်ဟိုင်းအစိုးရအဖွဲ့ကြေငြာချက်မှာ နှာခေါင်းနဲ့အာခေါင်တို့ဖက် စစ်ဆေးခံဖို့ ငြင်းဆိုသူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့နဲ့ ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်းတက်အောင်ပြုလုပ်သူတွေကိုလည်း အပြစ်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.