ဘန်ကောက် – မတ်(၃၀)

အီးကောမက်စ်နဲ့ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Sea လီမိတက်ဟာ လုပ်ငန်းလုပ်ဆောင်ပြီး လအနည်းငယ် အကြာမှာပဲ အိန္ဒိယလက်လီဈေးကွက်ကနေ ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီး ဒီလထဲမှာ ဒုတိယအကြိမ်ရုတ်သိမ်းတာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယဟာSeaလီမိတက်ရဲ့အောင်မြင်ကျော်ကြားသော ဂိမ်းဆော့ဝဲလ် Freefire ကို ပိတ်ပင်လိုက်တာဟာ မတ်လ၂၉ ရက်နေ့က စပြီးအကျုံးဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ဘေးကနေပြန်လည်ထွက်ပေါ်လာတဲ့စီပွားရေးအတွက်နိုင်ငံတော်တော်များများဟာအွန်လိုင်း ဝယ်ယူမှုနဲ့ အသားအကျသေးတဲ့ အတွက် ၂၀၂၁ ခုနှစ်မှာ (၁၅၇) ရာခိုင်နှုန်းအထိရရှိခဲ့တဲ့ SEA ရဲ့ အမြတ်ခွန်တိုးတက်မှုတွေဟာအခုနှစ်မှာတော့(၇၆)ရာခိုင်နှုန်းအထိထက်ဝက်လျော့ကျခဲ့တာဖြစ်တယ် လို့ ဒီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ က လုပ်ငန်းရုတ်သိမ်းတာဟာ အစိုးရအဖွဲ့ဖိအားနဲ့ တခြားသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီး ဆုံးဖြတ်ရတာဖြစ်ပြီး အဲ့ဒီအပေါ် ရှင်းလင်းသော သက်သေခံချက်မရှိ ဘူးလို့လည်း အကဲဖြတ်တစ်ယောက်က ပြောပါတယ်။



Amazon နဲ့ Walmart’s Flipkart လုပ်ငန်းတွေဟာ အိန္ဒိယ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ အီးကောမက်စ် ဈေးကွက်ကို စိုးမိုးခြယ်လှယ်ထားခဲ့တဲ့အခြေအနေမှာရှိနေပါတယ်။

SEA လီမိတက်ဟာ တရုတ်မှာရှိတဲ့ ဆာဗာတွေကို အချက်အလက်တွေပေးပို့တယ်ဆိုပြီး ကုမ္ပဏီအပေါ်စွပ်စွဲထားပြီး အစိုးရက Sea ရဲ့ Free Fire ဂိမ်းဆော့ဝဲကိုတားမြစ်ခဲ့ပြီး ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆောင်ရွက်ခဲ့တဲ့နောက်မှာတော့ Shopee ရဲ့ ဆုံးဖြတ်ချက်ထွက်ပေါ် လာတာဖြစ်တယ်လို့ ကုမ္ပဏီနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာတော့အိန္ဒိယမှာအီးကောမက်စ်လုပ်ငန်းတွေဟာ ပိုမိုတင်းကြပ်လာတဲ့ စည်းမျဉ်းဥပဒေတွေနဲ့ ရင်ဆိုင်နေရပြီးအစိုးရက အစဥ်အလာအတိုင်းလုပ်ကိုင်တဲ့အသေးစားလက်လီ သမားတွေကို ကာကွယ်ဖို့ ကန့်သတ်ချက်တွေကို ချမှတ်ထားတယ်လို့ သိရပါတယ်။
Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.