ဘန်ကောက် – မတ်(၃၀)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အခုလို ဆိုးရွားနေတဲ့ ပြဿနာတွေကြားထဲကနေ တိုင်းပြည်ရဲ့ ကိုယ့်ကိုကိုယ်အားကိုးမှု အယူဝါဒ ထောက်ခံမှုတိုးမြှင့်လာဖို့အတွက် ဝါဒဖြန့်လှုံ့ဆော်မှု တွေပြုလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။

ဆိုရှယ်လစ်ဝါဒအတွက် လှုံ့ဆော်မှုနဲ့ ပါတီရဲ့ အယူဝါဒဆိုင်ရာ လုပ်ငန်းတွေဆန်းသစ်တီထွင်မှုတွေ တိုးတက်လာစေဖို့ရည်ရွယ်တဲ့အလုပ်ရုံဆွေးနွေးပွဲတက်ရောက်နေတဲ့ အာဏာရအလုပ်သမားပါတီ အရာရှိတွေဆီကိုခေါင်းဆောင်ကင်ကစာတစ်စောင်ပေးပို့ခဲ့တာဖြစ်တယ်လို့KCNAကရေးသား ထားပါတယ်။

“လူကြိုက်များတဲ့ အတွေးအခေါ်နဲ့ လူထုရဲ့ အကျင့်သိက္ခာစွမ်းပကားတွေကို အမြင့်မားဆုံး လက်နက်အဖြစ် ကျွန်တော်တို့ မှတ်ယူသင့်ပြီး နည်းလမ်းပေါင်းစုံနဲ့ နှိုးဆော်ထားဖို့လိုတယ်” လို့ ကင်က ပြောပါတယ်။

အယူဝါဒဆိုင်ရာ လှုံ့ဆော်မှုတွေမှာ ဆိုရှစ်လစ်ဝါဒကိုဆန့်ကျင့်တဲ့ အဖျက်အမှောင့် စိတ်ဓာတ်တွေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ နစ်မြုပ်သွားတဲ့ ဆိုရှယ်လစ်မဟုတ်တဲ့ အစိတ်အပိုင်းတွေကို ချေမှုန်းဖို့ အာရုံစိုက်သင့်တယ်လို့လည်း သူကပြောပါသေးတယ်။



ဆိုရှယ်လစ်အယူဝါဒကို ဆန့်ကျင်တဲ့ အရာတွေကို တားဆီးဖို့အတွက် တရုတ်နယ်စပ်ကဖြတ်ကျော် ဝင်ရောက်လာတဲ့ တောင်ကိုရီးယားတေးဂီတနဲံ ဖျော်ဖြေရေးတွေ ကိုလည်း ပြုံယမ်းက ပိတ်ဆို့နှိမ်နင်းမှုတွေပြုလုပ်ထားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ သဘာဝဘေးအန္တရာယ်တွေကြားထဲက စီးပွားရေး အကြပ်အတည်းတွေနဲ့ သူတို့ရဲ့ စစ်လက်နက်ပစ္စည်းအစီအစဉ်တွေဟာ ကိုဗစ်- 19 ပိတ်ဆို့မှုတွေကြောင့် တရုတ်နဲ့ မဟာမိတ်တွေရဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ သိသိသာသာ ဖြတ်တောက်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားရဲ့ ပထမဆုံး အကြီးဆုံးဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို တရုတ်၊ ရုရှားတို့နှင့် ဆန့်ကျင်တာတွေပြုလုပ်ထားပြီး အမေရိကန်နိုင်ငံကတော့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုတင်းကျပ်ဖို့ တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။
Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.