ဘန်ကောက် – မတ်(၃၀)

သီရီလင်္ကာက လေအားလျှပ်စစ်စီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုဆီက ပြန်လည်သိမ်းယူပြီးနောက် အိန္ဒိယအစိုးရဟာ ကျွန်းငယ်တွေပေါ်မှာ သီရိလင်္ကာရဲ့ စက်ရုံ(၃) ရုံကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

သီရိလင်္ကာနိုင်ငံတောင်ပိုင်းက ပက့်ခ်စရိတ် ကျွန်းငယ်တွေပေါ်မှာ လေအားပေးတာဘိုင်တွေတည် ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၁၂ သန်း (စင်ကာပူဒေါ်လာ ၁၆ ဒသမ ၃၃ သန်း) တန်ဖိုးရှိ စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရန်ပုံငွေ ထောက်ပံ့မှုနဲ့ ၂၀၁၉ ခုနှစ်က တရုတ်ကုမ္ပဏီတစ်ခုကိုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာ ကိုလံဘိုမြို့ကို အလည်အပတ်ရောက်ရှိပြီးနောက် ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာမှာတော့အဲ့ဒီ စီမံကိန်းကို တည်ဆောက်ဖို့အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက အဲ့ဒီစီမံကိန်းကို ပိတ်သိမ်းခဲ့တဲ့အပေါ် ဘေဂျင်းက မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အလားအလာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဆီကိုလည်း အပျက်သဘောဆောင်တဲ့ သတိပေးချက်တွေပေးပို့သွားမှာ ဖြစ်တယ် သတိပေးခဲ့ပါသေးတယ်။



ဗြိတိသျှဆီက လွတ်လပ်ရေးရပြီးနောက်ပိုင်း တရုတ်နဲ့အိန္ဒိယတို့ဟာအဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာရဲ့ အဓိက အခြေခံအဆောက်အအုံ ပရောဂျက်တွေ ယှဉ်ပြိုင်မှုတွေ ရှိနေကြတာ ပါ ။

သီရိလင်္ကာနိုင်ငံဟာ သူ့ရဲ့ နိုင်ငံခြားအရန်ငွေစုဆောင်းတာ၊ အစားအစာ၊လောင်စာဆီနဲ့ဆေးဝါး တွေအပါအဝင်မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတင်သွင်းဖို့အတွက် အင်အားကြီးနှစ်နိုင်ငံစလုံးဆီက ချေးပေးပိုမိုရရှိဖို့ တောင်းခံထားဖူးတယ်လို့သိရပါတယ်။

တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ နယ်စပ်ပြသနာအငြင်းပွားနေတဲ့အခြေအနေမှာရှိနေပြီး ၂၀၂၀ ကဖြစ်ပွား ခဲ့တဲ့ နယ်စပ်စစ်ပွဲမှာ အိန္ဒိယစစ်သား အယောက်(၂၀)နဲ့ တရုတ်စစ်သား (၄)ယောက်သေဆုံးထားပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.