ရန်ကုန်၊ မတ် ၁

နိုင်ငံတွင်း အဖြစ်အပျက်များကို သတင်းမှားများ ရေးသားဖော်ပြခြင်းနှင့် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် “အကြမ်းဖက်သမားများ” မှ လွဲမှားသော သတင်းအချက်အလက်များဖြင့် လှည့်ဖြားခြင်းခံရသည်ဟုဆိုကာ ပြည်ပမီဒီယာများကို ဘက်လိုက်ဖော်ပြသည်ဟု မြန်မာစစ်တပ်က တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချခဲ့ပါသည်။

ရှားရှားပါးပါး ထုတ်ပြန်ချက်တစ်ခုတွင် စစ်ကောင်စီက မီဒီယာများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မိတ်ဆွေဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့် နိုင်ငံသားများကို ကာကွယ်ရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို လွဲမှားစွာ ထုတ်ဖော်ပြောရေးသားတယ်လို့ ဆိုထားပါသည်။

“ကျွန်တော်တို့ စိတ်ပူပန်စရာတွေ့နေရတာက အကြမ်းဖက်အဖွဲ့တွေအပေါ်  ပြည်ပမီဒီယာအချို့ရဲ့ ပြတ်ပြတ် သားသားနဲ့ အမြဲတစေ ဘက်လိုက်မှုပါပဲ။ ဒါပေမယ့် ဒီမီဒီယာတွေက အဖြစ်မှန်ကို အပြည့်အဝ မသေချာ မရေရာမှုဖြစ်အောင် လုပ်ဆောင်နေပါတယ်” ဟု ၎င်း၏ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

“အကြမ်းဖက်သမားများသည် သတင်းများကို စစ်ဆေးခြင်းမပြုဘဲ ပေးပို့ခြင်းကြောင့် ပြည်ပမီဒီယာများကို လှည့်ဖြားမှုအပိုင်းများ ရှိနေပြီး သတင်းမှားများကို အမှန်ဖြစ်အောင် ထပ်တလဲလဲ ပြုလုပ်နေပုံရသည်” ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်တစ်နှစ်ခန့်က အာဏာသိမ်းပြီးကတည်းက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား အနည်းဆုံး ၁,၅၀၀ ထက်မနည်းသေဆုံးကာ ကုလသမဂ္ဂ၏ ကိုးကားဖော်ပြချက်ကိုလည်း စစ်အစိုးရက ဘက်လိုက်သည်ဟု စွပ်စွဲကြောင်း တက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်အရ သိရပါသည်။

စစ်ကောင်စီမှ မတရားအသင်းသတ်မှတ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ယမန်နှစ်တွင် နိုင်ငံလုံးဆိုင်ရာ ခုခံပုန်ကန်မှုပြုရန် ကြေညာထားပြီး ၎င်း၏ လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိနေပါသည်။

စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး အုံကြွမှုများနှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြမှု အလွန်ရှားပါးသည်။

SAC ၏ ထုတ်ပြန်ချက်တွင် ၎င်း၏ အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများနှင့် ကတိကဝတ်ပြုထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ပြထားခြင်း မရှိသော်လည်း လာမည့်နှစ် သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုထားပါသည်။

“အဓိကမြို့ကြီးများနှင့် အခြားမြို့အားလုံးတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း” ကို အသိအမှတ်ပြုရန် မီဒီယာများအား တိုက်တွန်းခဲ့ပါသည်။

စစ်တပ်မှဖြုတ်ချခံရသော NUG ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် အာဏာရပါတီမှ အကြီးတန်းအဖွဲ့ဝင် ဦးနေဘုန်းလတ်က သတင်းမီဒီယာများ၏ ဂုဏ်သိက္ခာကို ခုခံကာကွယ်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးသည် တရားမျှတသည်ဟု ပြောဆိုခဲ့သည်။

“ပြည်သူတွေက အရပ်သားတွေကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ပြီး ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေ ကို ခိုးယူ မီးရှို့ဖျက်ဆီးတဲ့ SAC အဖွဲ့ဝင်တွေနဲ့ ခုခံကာကွယ်တဲ့ စစ်ပွဲတွေ ဖြစ်နေပါတယ်” ဟု နေဘုန်းလတ်က ရိုက်တာသတင်းဌာနသို့ ပြောပါသည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.