လန်ဒန်၊ မတ် ၂

ယူကရိန်းရှိ မြို့တစ်မြို့ကိုဝင်ရောက်စီးနင်းချိန်တွင်  သတ်မှတ်ခွဲခြားခြင်းမရှိတဲ့ ပစ်ခတ်မှုကြောင့် မစ္စတာပူတင်နှင့် ယူကရိန်းရှိ ယင်း၏ ကွပ်ကဲရေးမှူးများသည် စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆို ခံရမည်ဖြစ်ကြောင်း ယူကေအစိုးရမှ သတိပေးလိုက်သည်။

ခါကိဗ်မြို့သို့ အမြှောက်ဖြင့် ပစ်ခတ်လိုက်ချိန်တွင် ကျောင်းအဆောက်အအုံတစ်လုံး ပျက်စီးခဲ့ပြီး အနည်းဆုံး အရပ်သား ၁၁ ယောက်သေဆုံးခဲ့သည်ဟု မြို့တော်ဝန်ထုတ်ပြန်ချက် အရ သိရသည်။

ဗြိတိန်သတင်းစာများ ရှေ့မျက်နှာဖုံးများတွင် ယူကရိန်းရှိ ရုရှားတိုက်ခိုက်မှုကြောင့် မိန်းကလေးငယ်နှစ်ဦး သေဆုံးထားသည့် ဓါတ်ပုံများ ပြည့်နှက်နေခဲ့ပြီး ထိုမိန်းကလေးငယ်နှစ်ဦးအနက်မှ တစ်ဦးကို ကယ်တင်ဖို့ ကြိုးစားခဲ့သော ဆရာဝန်၏ ပြောစကားဖြစ်သည့် – ဒီဖြစ်ရပ်ကို ပူတင်ဆီ ပြပေးကြပါ ဟူသော စကားကို တွဲ၍ ဖော်ပြထားသည်။

စစ်ရာဇဝတ်မှုဆိုင်ရာ အစိုးရရှေ့နေဟောင်း ဒွမ်မစ်နစ်က ၁၉၉၀ ယူဂိုစလားဗီးယား ဖြစ်ရပ်ကို ကိုးကား၍ ဗြိတိန်နှင့် ၎င်း၏ မဟာမိတ် များသည် မည်သည့်ကျူးလွန်ဖေါက်ပြန်သူများကိုမဆို ဒူးထောက်ခိုင်းဖို့ ကာလတစ်ခုအကြာ စောင့်ဆိုင်းခဲ့ရသည်။

“ဒါကြောင့်မို့လို့ မော်စကိုမှာရှိနေတဲ့ ပူတင်နဲ့ အခြားသော ကွပ်ကဲသူတွေဟာ ယူကရိန်းအတွင်း စစ်ပွဲဥပဒေတွေကို ချိုးဖေါက်ထားမှုတစ်စုံတစ်ရာအတွက် တာဝန်ခံနိုင်ရေးကို ရှင်းရှင်းလင်းလင်း သိမြင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ပုဂ္ဂိုလ်၏ ပြောကြားချက်တွင် ပူတင်နှင့် ရုရှား ဗိုလ်မှူးများနှင့် စစ်သားများသည် အင်မတန် အန္တရာယ်များသော အခြေအနေတစ်ခုအတွက် သည်ဟိတ်ရုံးတော်ရဲ့ရှေ့မှောက်မှာပဲ သူတို့ အဆုံးသတ်ကြရပါလိမ့် မည်ဟုပြောကြားခဲ့သည်။

“ICC ကသာ ဒါကို အရေးယူဆောင်ရွက်မယ်ဆိုရင် ယူကေနဲ့ သူ့မဟာမိတ်များက လက်တွေ့ကျကျ အထောက်အကူ ပြုမယ်ဆိုတာ ကျနော် သေချာပြောနိုင်ပါတယ်” ဟု  ပြောကြားခဲ့သည်။

Amnesty International ၏ ပြောကြားချက်အရ လွန်ခဲ့သော သောကြာနေ့က ယူကရိန်းအရှေ့မြောက်ဘက်ရှိ ဘေးကင်စင်တာအဖြစ် အသုံးပြုသော မူကြိုကျောင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့သည်။

Amnesty အကြီးအကဲ အက်နက်စ် ကယ်လာမတ်က အော့တွတ်ခါမြို့ရှိ တိုက်ခိုက်မှုသည် ပျို့အန်ချင်လောက်အောင် ရွံစရာကောင်းပြီး စစ်ရာဇဝတ်မှုအဖြစ် စစ်ဆေးသင့်သည် ဟု ပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: CAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.