လဗီး၊ ဖေဖော်ဝါရီ ၂၈
ယူကရိန်းနိုင်ငံ၏ အနောက်ဘက်အဓိကမြို့တော်တစ်ခုဖြစ်သော လဗီးမြို့ရှိ စက်မှုဇုန်အတွင်းမှ ပရာဗာတာ ဘီယာချက်စက်ရုံ၏ အလုပ်သမားများသည် ရုရှားကျူးကျော်မှုကို တုံ့ပြန်နိုင်ရန်အတွက် ဘီယာထုတ်လုပ် ခြင်းမှ မိုလိုတော့ဗ် ကောတေးလ် ထုတ်လုပ်ခြင်းကို ပြောင်းလဲလုပ်ကိုင်ခဲ့ကြသည်။
လဗီမြို့သည် ပိုလန်နိုင်ငံတွင် တည်ရှိပြီး မြို့၏ အချို့နေရာများမှာ ရုရှားတင့်ကားများကို စိုးရိမ်နေရသည့် အခြေအနေတွင်ရှိသည်။
ယခုအခါတွင် မိုလိုတော့များကို ဒါဇင်အရေအတွက်နှင့်ချီ၍ ထုတ်လုပ်ထားပြီးဖြစ်သည်။
မိုလိုတော့များဖြင့် တင့်ကားများနှင့် ဒုံးကျည်များကို ရင်ဆိုင်ဖို့ဆိုသည်မှာ ရယ်ဖွယ်ရာဖြစ်သော်လည်း ထိုသို့ ပြောင်းလဲထုတ်လုပ်ခြင်းကြောင့် သူ့အတွက် စိုးရိမ်ပူပန်စရာမရှိဟူ၍ အဆိုပါဘီယာချက်စက်ရုံပိုင်ရှင် ယူရီဇက်စတာနီက ပြောကြားခဲ့သည်။
အဆိုပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ မိုလိုတော့ ထုတ်လပ်နိုင်ရေးသည် ၂၀၁၄ တော်လှန်ရေးတွင် ပါဝင် ခဲ့ဖူးသည့် သူ့အလုပ်သမားများအနက်မှ တစ်ဦး၏ အကြံဉာဏ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုဘီယာချက်စက်ရုံမှ ယူကရိန်းနယ်နိမိတ်ကာကွယ်ရေးတပ်ဖွဲ့များအတွက် မိုလိုတော့ ထုတ်လုပ်ခြင်းကို စနေနေ့မှ စတင်ခဲ့သည်။
ပရာဗာတာ ဘီယာချက်စက်ရုံ၏ ပိုင်ရှင် ဇက်စတာနီက “ဒီစစ်ပွဲအောင်နိုင်ဖို့ ကျွန်ုပ်တို့ ကူညီနိုင်တာတွေကို ကူညီဖို့” တိုက်တွန်းခဲ့ပါသည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: The Straits Times