ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကိုဗစ် ၁၉ ကန့်သတ်ချက်များကြောင့် ကုန်စည်များတင်ပို့မှုကို ၇ လနီးပါး ရွှေ့ဆိုင်းထားသည့်နောက် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်ခြားမျဥ်းကို ကုန်သွယ်ရေးအတွက် ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်သည်ဟု အာဏာပိုင်များမှ ပြောကြားခဲ့သည်။ 

နိုဝင်ဘာလ ၂၆ ရက်‌နေ့တွင် မူဆယ်မြို့မြောက်ဘက် ၁၁ ကီလိုမီတာရှိ ကျင်ဆန်ကျော့ နယ်စပ်ဂိတ်တွင် ကုန်သေတ္တာ ၅ လုံးခန့်ကို ကူးသန်းဖလှယ်ခဲ့သည်။ 

မူဆယ်မြို့ ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်း၏ ပြောကြားချက်အရ ဧပြီလ နယ်စပ်ပိတ်ချိန် ကတည်းက ခန့်မှန်း‌ခြေ ဆန်အိတ်ပေါင်း ၈၀၀,၀၀၀ ကျော် (တင်ပို့မှုသည်) မပြီးမပြတ်အခြေအနေနှင့် ကြုံခဲ့ရသည်။  

အဆိုပါပုဂ္ဂိုလ်က AFP သတင်းဌာနသို့ ပြောဆိုချက်တွင် “ဆန်အိတ်အားလုံးတင်ပို့ဖို့ တစ်လ‌အချိန်ယူရပါလိမ့်မယ်”ဟု ပါရှိသည်။ 

ထို့အပြင် လာမည့် သီတင်းပတ်တွင် ကုန်တင်ယာဥ်များကို ဖြတ်သန်းဖို့ ခွင့်ပြုသွားမည် တရုတ်ဘက်မှ ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၏ နောက်ထပ်နယ်စပ်တစ်ခုဖြစ်‌သော ချင်းရွှေ‌ဟော်ကိုလည်း ကုန်သွယ်မှု အတွက် လွန်ခဲ့သော ‌သောကြာနေ့က ပြန်လည်ဖွင့်လှစ်ထားခဲ့ပြီးဟု ရန်ကုန်အခြေစိုက် တရုတ်သံရုံးမှ ပြောကြားခဲ့သည်။  

“တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို များမကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်အောင် ကြိုးစားနေပါသည်”ဟု လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသော တရုတ်နိုင်ငံသံရုံး၏ ကြေငြာချက်ကို တွေ့ ရသည်။  

နယ်စပ်များ ပိတ်ပင်ထား‌ရသော အခြေအနေများကြောင့် မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍကို ကြီးမားစွာထိခိုက်ခဲ့ရပြီး ဒေါ်လာသန်း ရာနှင့်ချီသော အခွန်ငွေများကို ဆုံးရှုံးခဲ့ရသည်။ 

နိုင်ငံစီးပွားရေးသည် အကြီးအကျယ်ဆန္ဒထုတ်ဖော်မှုများ၊ သွေးထွက်သံယိုမှုများနှင့် နိုင်ငံတကာ ဆန်ရှင်များကို မီးစပွားစေခဲ့သည့် ဖေဖော်ဝါရီလ အာဏာသိမ်းဖြစ်စဥ်ကတည်းက တစ်ဆို့နေခဲ့ရသည်။ 

နိုင်ငံအတွင်းသို့ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများနှင့် ဆောက်လုပ်‌ရေးပစ္စည်းများကို ပြန်လည်တင်သွင်း‌နေချိန်တွင် မြန်မာနိုင်ငံသည် ပင်လယ်စာ၊ သစ်သီးဝလံနှင့် ဆန်များကို နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့လျှက်ရှိသည်။ 

ကုန်စည်ကူးသန်းရေးအခက်အခဲများသည် မြန်မာနယ်စပ်မြို့များရှိ အိမ်ထောင်စုများ၏ စားဝတ်နေ ရေးကုန်ကျစရိတ်ကို မြင့်တက်စေခဲ့သည်။ 

မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးမှ AFP သတင်းဌာနသို့ ပြောကြားရာတွင် “တရုတ်ကလာတဲ့ အစား အသောက်နဲ့ အဝတ်အစား‌တွေက အခုဆို ဈေးတွေ အတော်တက်နေပါပြီ။ ကျွန်မတို့ရဲ့ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းကို မကာမိတဲ့အတွက်ကြောင့် အခက်အခဲများစွာရှိပါတယ်” ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.