ဘန်ကောက်၊ နိုဝင်ဘာ ၃

ထိုင်းနိုင်ငံ၏ အကြီးမားဆုံးအတိုက်အခံပါတီဖြစ်သည့် ဖွေထိုင်း ပါတီအတွင်း ဝန်ကြီးချုပ်ဟောင်း သက်ဆက် ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူက တာဝန်အခန်းကဏ္ဍတစ်ခုနှင့် ပါဝင်လာခြင်းသည် ရှင်နာဝါထရာ မိသားစု ပြန်လာမည်ဟူသော ကောလဟာလများကို သေချာစေရန် မီးမောင်းထိုးပြသနေခြင်းဖြစ်သည်။  

ဤအခြေအနေသည် မစ္စ Paetongtarn “Ing” Shinawatra ၏ ပထမဦးဆုံးအကြိမ် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်။ ပါတီ၏ ပေါင်းစည်းရေးနှင့် ဆန်းသစ်တီထွင်ရေး အကြံပေးကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခံရခြင်းသည် အံ့ဩစရာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများမှ ပြောဆိုထားခဲ့ပြီး သူမအနေဖြင့် အနာဂတ်ကာလတွင် ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်း အဖြစ်ပါဝင်လာဖို့ ဖြစ်နိုင်ချေကိုမူ အဆိုပါလေ့လာသုံးသပ်သူများက ငြင်းဆိုထားခြင်းမရှိပေ။

ယခင်အချိန် အာဏာရပါတီအဖြစ် ရပ်တည်သောအချိန်တွင် ပါတီတွင်းတရားဝင် ရာထူးကို ရယူထားခြင်းမရှိ သော်လည်း ဖွေထိုင်းပါတီ၏ နောက်ကွယ်တွင် သက်ဆင်၏ လွှမ်းမိုးမှုရှိသည်မှာ ပွင့်လင်းမြင်သာသော လျှို့ဝှက် ချက်တစ်ခုဖြစ်သည် ဟု ပညာရှင်များက ပြောကြားခဲ့သည်။ ထို့အပြင် သက်ဆင်၏ ပထမဇနီးနှင့် သက်ဆင်၏ ဒုတိယဇနီးဖြစ်ပြီး မစ္စ Paetongtarn မိခင်ဖြစ်သူ Ms Potjaman Na Pombejra တို့သည် သက်ဆင်၏ ပါတီများအပေါ်တွင် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သိသာထင်ရှားစွာ ချုပ်ကိုင်ထားမှုရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသည်။ 

အသက် ၇၂ နှစ်အရွယ် ရှိပြီးဖြစ်သော သက်ဆင်သည် ၂၀၀၆ စစ်အာဏာသိမ်းမှုတွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှား ခံရပြီး ရာစုနှစ်တစ်ခုကျော်ကြာ အဖယ်ရှားခံအဖြစ်‌နေထိုင်ခဲ့ရပြီးဖြစ်သည်။ 

အကျင့်ပျက်ခြစားမှုဖြင့် ထိုင်းနိုင်ငံအတွင်း ထောင်သွင်းအကျဥ်းကျချိန်များကို ရှောင်ရှားနိုင်ရန် သက်ဆင်သည် များသောအားဖြင့် ဒူဘိုင်းတွင် တိမ်းရှောင်နေထိုင်လျှက်ရှိပြီး နိုင်ငံရေးကို စိတ်အားထက်သန်မှုရှိနေသေးသည်ဟု ပြောဆိုလေ့ရှိသည်။ 

မကြာသေးမီက ကျင်းပ‌သော စကားဝိုင်းဆွေး‌နွေးပွဲတွင် သက်ဆက်သည် “အနောက်ဘက်တံခါးကမဟုတ်ဘူး၊ အရှေ့ဘက်တံခါးပေါက်ကနေ မကြာခင် ပြန်လာမယ်” ဟု ထိုင်းနိုင်ငံသို့ ပြန်လာမည့်ဖြစ်နိုင်ချေကို အချက်ပြ ပြောဆိုခဲ့သည်။ 

“Ms Paetongtarn ရဲ့ တာဝန်ယူလိုက်တဲ့ အခန်းကဏ္ဍဟာဆိုရင် သက်ဆင် ထိုင်းနိုင်ငံပြန်လာရေး အတွက် ခြေလှမ်းနိုင်ဖို့ အဆင့်တစ်ခုဖြစ်တယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်။ ဒါကလည်း  ဖွေထိုင်းပါတီ က အစိုးရအဖွဲ့ ဖြစ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြား ထားပါသည်။  

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.