ဘန်ကောက်၊ နိုဝင်ဘာ

ထိုင်းနိုင်ငံအစိုးရသည် ဒီမိုကရေစီစနစ်ကိုလိုလားသော အစိုးရတစ်ရပ်ဖြစ်လာဖို့ နည်းလမ်းကို ရှာဖွေနိုင်ရန်နှင့် ရွေးကောက်ပွဲ မကျင်းပမီ ဆွေးနွေးမှုများတွင် ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးဆိုင်ရာ လစ်ဟာချက်များကို ရှောင်ရှားနိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်မွမ်းမံရေးကို အင်တိုက်အားတိုက် ဆောင်ရွက်သင့်သည်ဟု ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး အမျိုးသမီးနိုင်ငံရေးသမားက အသိပေး ပြောဆိုလိုက်ပါသည်။ 

“ကျွန်မတို့အနေနဲ့ နောက်ရွေးကောက်ပွဲမတိုင်ခင်အထိ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မရေးနိုင်ဘူးဆိုရင် ပရမ်းပတာဖြစ်ခြင်းတွေ၊ နိုင်ငံရေးပဋိပက္ခတွေနှင့် အကျပ်အတည်းတွေကိုသာ ရင်ဆိုင်ရမှာပါ” ဟု Ms Sudarat Keyuraphan (မစ္စဆူဒါရတ်) က ပြောကြားခဲ့ပါသည်။ Ms Sudarat Keyuraphanသည် အမျိုးသားကြီးစိုးသည့် ထိုင်းနိုင်ငံရေးတွင် လက်တစ်ဆုပ်စာအရေအတွက်မျှရှိသော အမျိုးသမီးနိုင်ငံရေးသမားများအနက် တစ်ဦး အပါဝင်ဖြစ်ပြီး အကြီးတန်း အထူးကိုယ်စားလှယ် ဖြစ်သည်။ 

နောက်နှစ်အစောပိုင်းတွင် ကျင်းပနိုင်ချေရှိသော မဲဆန္ဒပေးပွဲတွင် စစ်အာဏာသိမ်းမှု အကြီးအကဲအဖြစ်မှ ဝန်ကြီး ချုပ်ဖြစ်လာသူ ပရရွတ်ချန်အိုချာနှင့် စစ်တပ် ကျောထာက်နောက်ခံပြုထားသည့် နိုင်ငံရေးပါတီကို အစိုးရဖွဲ့ရဣ် လိုလားသည့် တော်ဝင်ထောက်ခံသူများနှင့် ဒီမိုကရေစီလိုလားသောနိုင်ငံရေးပါတီများအကြား ယှဥ◌်ပြိုင်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ 

မစ္စ Sudarat သည် ဒီမိုကရေစီကိုလိုလားသော လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး မစ္စတာ ပရရွတ်ပြီးလျှင် ဒုတိယနေရာတွင်ရှိသည်။ 

နိုင်ငံ၏ ဘုရင်စနစ်ကို ပြန်လည်ပြင်ဆင်ရေးအတွက် ဖိအားပေးတောင်းဆိုလာသော လူငယ်များဦးဆောင်သည့် တက်ကြွလှုပ်ရှားမှုများ၏ အဓိကတောင်းဆိုချက်များအနက်တစ်ခုသည် အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်သည်။ 

ထိုအတွက် တုံ့ပြန်ချက်တစ်ရပ်အနေဖြင့် ဥပဒေပြဌာန်းသူများက Palang Pracharath (ပါလန် ပရာချာရတ်) ပါတီအပါအဝင် နိုင်ငံရေးပါတီကြီးများကို ဦးစားပေးသော ရွေးကောက်ပွဲဥပဒေဆိုင်ရာ အစိတ်အပိုင်းများကိုသာ လွန်ခဲ့သော လအတွင်းက ဆောင်ရွက်ခဲ့ကြသည်။ 

လက်ရှိ ပဋိညာဉ်အောက်တွင် လက်ရှိ အာဏာရပါတီမှ နောက်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်မည့် မစ္စတာ ပရရွတ်၏ စစ်အစိုးရအားဖြင့်  ကိုယ်စားလှယ် ၂၅၀ ဦးအထိ ခန့်အပ်ပိုင်ခွင့်  ရရှိထားသည်။ ထိုအချက်သည် အာဏာကို ဆက်လက်ထိန်းသိမ်းရန်အတွက် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် မြင်သာစေပြီး ၂၀၀၉ ခုနှစ်အတွင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်များအတိုင်း ဖြစ်ပေါ်စေနိုင်ပါသည်။ 

ဒီမိုကရေစီလိုလားသော နိုင်ငံရေးပါတီများအနေဖြင့် အစိုးရဖွဲ့ရန် လုံလောက် မဲအရေအတွက်ရရှိသည့်တိုင် စိန်ခေါ်မှုများ ဆက်လက်တည်ရှိဆဲဖြစ်သည်ဟု မစ္စ Sudarat (မစ္စဆူဒါရတ်) က ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.