ဘန်ကောက်၊ အောက်တိုဘာ ၉

ထိုင်းအစိုးရအနေဖြင့် ကိုဗစ် ၁၉ ကပ်ဘေးကြောင့် စားဝတ်နေရေး ဆိုးရွားထိခိုက်ခံစားခဲ့ရသော ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် လုပ်သားများအတွက် ပိုမိုကောင်းမွန်သော ဖူလှုံရေးအကာကွယ်ကို ထောက်ပံ့ပေးရန် ပညာရှင်များက ထောက်ပြလိုက်ပါတယ်။

ထိုင်းနိုင်ငံ၏ ပြည်သူ့လူမှုဗေဒအသင်း အသင်းဥက္ကဌ ဆာရာမောလ်က ကပ်ဘေးသည် လူမှုစီးပွားစိန်ခေါ်မှုများကို မီးမောင်ထိုးပြနေပြီး မြို့ပြအသိုင်းအဝိုင်းရှိ စီးပွားရေးတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသော လုပ်သားများအပေါ်ရှိ အကျိုးသက်ရောက်မှုမှာ ရေရှည်ဖြစ်ပေါ်လာမည်ဟု အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့သည်။

လေ့လာချက်တစ်ခုအရ တရားမဝင်လုပ်ကိုင်နေသော လုပ်သားများ အထူးသဖြင့် အစားအသောက် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသော လုပ်သားများသည် အထိခိုက်ဆုံးဖြစ်နိုင်မည်ဟု အဆိုပါ ဥက္ကဌက ပြောကြားခဲ့သည်။

မစ္စ Sayamol ၏ ပြောကြားချက်တွင် အစားအသောက်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသော လုပ်သားများဆိုသည်မှာ လယ်ယာလုပ်ငန်းမှစ၍ စားသောက်ကုန် ပြင်ဆင်ထုတ်လုပ်ရေးတွင် လုပ်ကိုင်နေကြသော လုပ်သားများ၊ အစားအသောက်ပို့ဆောင်ရေး လုပ်ကိုင်သူများနှင့် အညစ်အကြေး သန့်စင်ရေး ဝန်ထမ်းအထိ စားသောက်ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်နေသော လူတိုင်းကို လွှမ်းခြုံသည်ဟု ပါရှိသည်။

အများစုမှာ အချိန်ကြာမြင့်စွာလုပ်ကိုင်ရသော်လည်း ဝင်ငွေအရနည်းသူများဖြစ်ကြီး အသစ်အသစ်သော ကျွမ်းကျင်မှုများကို လေ့လာရန် အချိန်မရှိသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးစေသည့် အဖြစ်မျိုး ကျရောက်စေသည်ဟု သူမက ပြောကြားခဲ့သည်။

ထိုလုပ်သားများသည် လူမှုဖူလုံရေးကို မည်သည့်နည်းနှင့်မျှ ခံစားခွင့်မရကြပေ။ ထို့အပြင် ကပ်ဘေးဖြစ်ပေါ်ချိန် တွင် ထိခိုက်ခံခဲ့ရသော်လည်း ရွှေ့ပြောင်းလုပ်သားအစုအဖွဲ့များသည် ကောင်းမွန်သော ကျန်းမာရေး သို့မဟုတ် နိုင်ငံတော်အေဂျင်စီများထံသို့ လက်လှမ်းမီနိုင်ခြင်းမရှိခဲ့ဟု ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်သော မဲ့ဖလောင်တက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးကလည်း မြောက်များစွာသော ရွှေ့ပြောင်းလုပ်သားများသည် တိုင်းပြည်စီးပွားဖွံ့ဖြိုးမှု၏ အစိတ်အပိုင်းဖြစ်နေသော်လည်း ကပ်ဘေးအတွင်းတွင် ခက်ခဲမှုများကို ရင်ဆိုင်ရန်အတွက် ချန်လှပ်ထားခြင်းခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း ရွှေ့ပြောင်းလုပ်သားများအပေါ် ထားရှိသော ယင်းတို့၏ အမြင်သဘောထားများကို ပြောင်းလဲရန် အတွက်လည်း ထောက်ပြဝေဖန်ခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်
Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.