ဖနွမ်ပင်၊ စက်တင်ဘာ ၁၃
တရုတ်နိုင်ငံသည် ဖနွမ်းပင်မြို့တွင် ဆောက်လုပ်မည့် အမေရိကန်ဒေါ်လာ ၁၅၀ မီလီယမ် (USD ၂၀၁ မီလီယမ်) တန်ဖိုးရှိသော အားကစားရုံကို ကမ္ဘောဒီးယားအစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းအဆောက်အအုံသည် ဘေဂျင်းအစိုးရမှ ပေးအပ်သော အခြေခံအဆောက်အအုံဖြစ်သည်ဟု အာဏာပိုင်များမှ (စက်တင်ဘာလ ၁၂ ရက်နေ့) တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
လူဦးရေခြောက်သောင်းခန့် ဝင်ဆံ့နိုင်သည့် အဆိုပါအဆောက်အအုံသည် အခြေခံအဆောက်အအုံအားမြှင့်တင်ရန်နှင့် ပြည်ပနိုင်ငံများသို့ ယင်း၏ ယိမ်းယိုင်မှုကို မြှင့်တင်နိုင်ရန်အတွက် တရုတ်နိုင်ငံအစိုးရအနေဖြင့် ထရီလီယံ ဒေါ်လာအထိ အသုံးပြုသော ခါးပတ်တကွင်း လမ်းတဆင်း စီမံကိန်းအောက် ရှေးပြေးအဖြစ်ပေးအပ်သော နောက်ဆုံးပေါ်စီမံကိန်းတစ်ရပ်ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံဆီးဂိမ်းကို ရည်စူးပြီး ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီး Thon Khon ၏ ပြောကြားချက်အရ အမေရိကန် ဒေါ်လာ ၁၅၀ မီလီယမ်အထိတန်ကြေးရှိသော အဆိုပါ အားကစားရုံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုအဖြစ် တရုတ်နိုင်ငံမှပေးအပ်သော အကြီးမားဆုံး ရန်ပုံငွေဖြစ်သည်။
၀န်ကြီးချုပ်ဟွန်ဆန်သည်မကြာသေးမီနှစ်များအတွင်းဘေဂျင်းကိုမှီခိုအားထားမှုနှင့် ပတ်သက်၍ ဝေဖန်မှုများကြုံ ခဲ့ရသော်လည်းတရုတ်ကယုံကြည်စိတ်ချရသောလေးစားစရာမိတ်ဆွေတစ်ဦး ဟုတနင်္ဂနွေနေ့တွင် ကာကွယ် ပြောဆိုခဲ့သည်။
“ဒီလိုရလဒ်မျိုးထွက်နိုင်ဖို့ ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီးဖြစ်တဲ့ တရုတ်နိုင်ငံကို ဆက်သွယ်မိတာဟာ အမှားလုပ်မိတာလား။ ဒါဟာ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံအကြား နောက်ထပ်မှတ်တိုင်တစ်ခုအဖြစ် ရှိနေမှာပါ” ဟု အဆိုပါဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က မစ္စတာဝမ်ရီအလည်အပတ်ခရီးတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအတွက် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား အမေရိကန်ဒေါ်လာ ၂၅၀ မီလီယမ်အထိ ပေးအပ်နိုင်ရန် ဘေဂျင်းအစိုးရမှ ကတိပြုထားပြီး အသစ်သစ်သော အပေးအယူများအတွက်လည်း လက်မှတ်ထိုးခဲ့ကြသည်ဟူ၍လည်း ပြောကြားခဲ့သည်။
မစ္စတာဝမ်ရီအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏အခြေခံအဆောက်အအုံကို တိုးပွားရေးအတွက်လည်း ထောက်ပံ့ ဆက်လက်ထောက်ပံ့ပေးမည်ကိုလည်း ကတိပြုခဲ့သည်။
တရုတ်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် နိုင်ငံရေးအခြေအနေများ/အကြံဉာဏ်များ မည်သည့်နည်းနှင့်မျှ ထည့်သွင်းခြင်းပြုမည်မဟုတ်ဟူ၍လည်း ဝန်ကြီးချုပ် ဝမ်ရီမှ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဘေးဂျင်းအစိုးရနှင့် ကြာညောင်းသော မဟာမိတ်တစ်ရပ်ဖြစ်ခဲ့ပြီး ချေးငွေ ဒေါ်လာ ဘီလီယမ်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို လက်ခံရရှိနေခြင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ဖနွင်းဖန်အစိုးရကို အမေရိကန်ဒေါ်လာ ၄.၃ မီလီယမ်အပါအဝင် ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ ၂၈ သန်းကိုလည်း ထောက်ပံ့ပေးထားခဲ့သည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref – The Straits Times