ဘန်ကောက်၊ စက်တင်ဘာ ၆

ထိုင်းနိုင်ငံသည် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုဖြစ်ရပ်ပေါင်း ၁၃၉၈၈ အထိရှိခဲ့ပြီး သေဆုံးမှုနှုန်းမှာ ၁၈၇ ဦးအထိ ရှိခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တင်္နလာနေ့မှာ ထုတ်ပြန်ခဲ့သည်။

ယေဘုယျလူဦးရေအတွင်းမှာ ရောဂါပိုး ကူးစက်ခံရသူ ဦးရေ ၁၃၅၄၄ အထိရှိခဲ့ပြီးကူးစက်ခံခဲ့ရပြီး အကျဥ်းထောင်များအတွင်းတွင်မူ ၄၄၄ ဦးအထိ ရှိသည်။ ထို့အပြင် တနင်္ဂနွေနေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဝေဒနာမှ ပျောက်ကင်းသက်သာပြီး ဆေးရုံဆင်းခွင့်ရသည့် ကိုဗစ် 19 လူနာပေါင်း ၁၇၂၈၄ ဦး ရှိခဲ့ပါသည်။

အသစ်ဖြစ်ပေါ် ကူးစက်မှုတွေ ကျဆင်းသွားတာကြောင့် လူအများသည် သူတို့၏လုံခြုံရေးအဖို့ ကန့်သတ်ချက်များအား လျှော့ချခဲ့ပြီးသည့်အပြင် ဤအခြေအနေကို စိတ်ကျေနပ်အားရဖွယ်ဖြစ်နေပါက နောက်လအတွင်း ကူးစက်မှု လှိုင်းလုံးကြီးတစ်ခု အသစ်ဖြစ်ပေါ်လာနိုင်ကြောင်းကို ထိုင်းနိုင်ငံ ကိုဗစ် 19 အခြေအနေစီမံအုပ်ချုပ်ရေးစင်တာ (CCSA) က စက်တင်ဘာလ ၆ ရက်နေ့မှာ သတိပေးပြောဆိုလိုက်ပါသည်။

အကယ်၍ လူများသည် လူမှုအကွာအဝေးနှင့် အခြားသော အတိုင်းအတာများကို ပေါ့လျော့နေပါလျှင် “အသစ်ဖြစ်ပေါ်ကူးစက်မှုတွေဟာ နောက်လထဲမှာ တစ်နေ့ကို ၃၀,၀၀၀ အထိဖြစ်ပေါ်လာနိုင်ပါတယ်”  ဟု CCSA မှ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့်လည်း အချို့သော ကန့်သတ်ချက်များကို ဖြေလျှောခဲ့ချိန်အတွင်း လူအများသည် ဈေးဝယ်ကုန်တိုက်များနှင့် စားသောက်ဆိုင်များသို့ ရောက်ရှိနေကြပြီးဖြစ်သည်။ ရောဂါကူးစက်မှုဖြစ်ရပ်အသစ် များသည် လတ်တလောနေ့များအတွင်း ဆက်တိုက်ကျဆင်းခဲ့ပြီး (ပြည့်သူကျန်းမာရေး) ဝန်ကြီးဌာနအနေဖြင့် လည်း တစိတ်တဒေသအသွားအလာကန့်သတ်ခြင်း (Partial Lockdown) ကို တိုးမြှင့်ခွင့်ပေးခဲ့ပါသည်။

ကျဆင်းသွားသော အသစ်ဖြစ်ပေါ်ကူးစက်မှုများကို ကိုးကား၍ Dr. Taweeslip က “ကျွန်ုပ်တို့အနေဖြင့် ဒီကျဆင်းသွားတဲ့ကိန်းဂဏန်းတွေရဲ့ အကျိုးကျေးဇူးတွေကို နှစ်ပတ်လောက်အထိ မြင်တွေ့နေရပြီးဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

CCSA သည် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်း၏ အကျိုးဆက်များကို သောကြာနေ့ သို့မဟုတ် နောက်အပတ် အစောပိုင်းတွင် ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။

ဘန်ကောက်ခရိုင်အတွင်းတွင် ကူးစက်မှုနှုန်း ၃၆၆၀ ဦးနှင့် သေဆုံးမှုနှုန်း ၂၄ ဦးအထိ အသီးသီးရှိကြပြီး ၎င်းနှင့် အိမ်နီးချင်းခရိုင်များဖြစ်သည့် စမုပရကန်၊ စမုဆာခေါင်၊ နွတ်ထဘူရီနှင့် ပထုံဌာနီအတွင်းတွင် သေဆုံးမှု ၅၃ ဦးအထိ ရှိခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က တွေ့ရှိခဲ့သော ကူးစက်မှုဖြစ်စဥ်များမှာ ပြည်ပမှလာသော ကူးစက်မှုများဖြစ်ကာ ကူးစက်ခံရသူများ မှာ ထိုင်းနိုင်ငံသားများဖြစ်ကြပြီး ကမ္ဘောဒီယားနိုင်ငံမှ ပြန်လာသူ ၁၆ ဦးနှင့် အမေရိကန်ပြည်ထောင်စုမှ ပြန်လာသူ ၁ ဦးတို့ ဖြစ်ကြသည်။

ဧပြီလ ၁ ရက်နေ့ကတည်းစတင်၍ ကိုဗစ် 19 တတိယလှိုင်း စတင်ခဲ့ပြီး ထိုင်းနိုင်ငံသည် ကိုဗစ်19 အတည်ပြုလူနာ ၁,၂၆၅,၆၅၉ ဦးအထိ ကုသမှုပေးထားပြီး ယနေ့အထိ ကောက်ခံရရှိသော ကိန်းဂဏန်းများအရ ၁,၁၀၅,၄၃၂ ဦးအထိ သက်သာပျောက်ကင်းခဲ့ပြီး ဖြစ်သည်။

ယမန်နှစ်အစောပိုင်း ကပ်ဘေးစတင်ချိန်ကတည်းကဆိုလျှင် ကိုဗစ် 19 အတည်ပြုလူနာ ၁,၂၉၄,၅၂၂ ဦးအထိရှိပြီး ၁,၁၃၃,၀၇၇ ဦးအထိ သက်သာပျောက်ကင်းခဲ့ပြီးဖြစ်သည်။

တတိယလှိုင်းအတွင်းမှာ သေဆုံးမှုမှာ ၁၂,၉၄၈ ဦးအထိ ထိုးတက်ခဲ့ပြီး ကပ်ကာလစတင်ဖြစ်ပွားချိန်ကတည်းက ဆိုလျှင် သေဆုံးမှုမှာ ၁၃,၀၄၂ ဦးအထိ ဖြစ်သည်။

ထိုင်းဘုရင့်နိုင်ငံ၏ ၂၄ နာရီအတွင်း ၃၁၂ ဦးအထိသေဆုံးခဲ့သည့် မှတ်တမ်းဝင်နေ့စွဲမှာ ဩဂုတ်လ ၁၈ ရက်ဖြစ်သည်။ လူဦးရေပေါင်း ၂၃,၄၁၈ ဦးအထိ အမြင့်ဆုံးကူးစက်သည့် နေ့စွဲမှာ ဩဂုတ်လ ၁၃ ရက်ဖြစ်ပါသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.