September 5, 2021

ထားဝယ်မှာ ဆက်သွယ်ရေးလိုင်းအချို့ နာရီပိုင်းခန့်ပြတ်တောက် ၊ လူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့

ထားဝယ်၊ စက်တင်ဘာ ၅ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းမှာ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ၂ နာရီကျော်ကြာ ဆက်သွယ်ရေးလိုင်းအချို့ ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နေ့လည် ၂ နာရီကျော်မှ ညနေ ၄ နာရီကျော်သည်အထိ တယ်လီနော၊ အော်ရီဒူး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။ “နေ့လည်က တယ်လီနော၊ အော်ရီဒူးဖုန်းလိုင်းတွေမရဘူး။…

CDM ဝန်ထမ်းတွေ နေရပ်ပြန်လာရင် မဖမ်းဘူးလို့ စစ်ကောင်စီ ကြေညာ

မော်လမြိုင်၊ စက်တင်ဘာ ၅ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ နေရပ်ကို ပြန်လာရင် မဖမ်းတော့ဘူးလို့ တနင်္သါရီတိုင်းဒေသကြီး ပုလောမြို့နယ်မှာ ရဲတပ်ဖွဲ့က လက်ကမ်းစာစောင်တွေ ဝေငှပြီး ကြေညာနေပါတယ်။ အသိပေးစာစောင်ထဲတွင် ပုလောမြို့နယ်အတွင်းရှိ CDM ပြုလုပ်ထားသော ဌာနဆိုင်ရာဝန်ထမ်းများ၊ အကြောင်းမျိုးမျိုးကြောင့် နေရပ်နေရာအသီးသီးရောက်ရှိနေကြသော အရပ်သားပြည်သူများအနေဖြင့် လူသတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ခြင်းမရှိပါက မိမိနေရပ်သို့ ပြန်လည်လာရောက်မည်ဆိုရင်…

ပိုမိုလက်လှမ်းမီတဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အာဆီယံသံတမန်က မြန်မာကို ဖိအားပေးနေ

ဘန်ဒါဆီရီဘီဂါဝန်၊ စက်တင်ဘာ ၄ ဘရူးနိုင်းသံအမတ်သည် အောက်တိုဘာလကုန်ပိုင်းမတိုင်ခင်တွင် လာရောက်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် မျှော်လင့်နေသည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံထားရသော ဘရူနိုင်းသံအမတ်သည် မြန်မာနိင်ငံ ခရီးစဥ်နှင့်ပတ်သက်၍ တပ်မတော်နှင့်် ဆွေးနွေးညှိနှိုင်းနေပြီး အဖယ်ရှားခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် နှင့် လက်လှမ်းမီနိင်ရန်အတွက် နည်းလမ်းရှာနေဆဲဖြစ်သည်။ အာဆီယံသည် ဖေဖော်ဝါရီလအတွင်းက ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် အာဆီယံသည် မြန်မာနိုင်ငံ အတွင်းရှိ…

ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (၁)

၂၀၀၀ ပြည့်နှစ်ကာလများက နိုင်ငံရေးမှုနှင့် ထောင်ချခံရသူများ၏ စာရင်းကို ကြည့်မည်ဆိုလျှင် ပဲခူးတိုင်းမှ လူငယ် လူရွယ်တွေက တစ်ခြား တိုင်းနှင့် ပြည်နယ်များထက် ပိုများနေသည်။ ယင်းပဲခူးတိုင်းသားများထဲတွင် ပဲခူးမြို့သား ဝင်းနိုင်လည်း တစ်ယောက် အပါအဝင်ဖြစ်သည်။ သူ နိုင်ငံရေးနှင့် ဆက်နွယ်မိသည်ကတော့ ရှစ်ဆယ့်ရှစ် အရေးအခင်း ဖြစ်ကတည်းက ဖြစ်၏။ ထိုစဉ်တုန်က သူက ကျိုက်ထိုမှာ။ သူ့အစ်ကို တစ်ဝမ်းကွဲ…