မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁)

တောင်ကိုးရီယားအစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကို စဥ်ဆက်မပြတ် တိုက်ဖျက်နိုင်ရန်အတွက် ကုန်တင်သင်္ဘောများရဲ့ ကုန်သေတ္တာပုံးများကို မြန်နှုန်းမြှင့်ရောဂါရှာဖွေခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်မယ့် ယာယီလူနာဆောင်များအဖြစ် ပြောင်းလဲနေပြီဖြစ်ပါတယ်။

စုစုပေါင်း ရောဂါဖြစ်ပွားမှုဟာ ၄၀,၀၀၀ ထက်ကျော်လွန်ခဲ့ပြီး ဆိုးလ်မြို့နှင့် အခြားသော မြို့ကြီးများမှာ ဆေးရုံရှိ ကုတင်များဟာ ပြတ်လပ်တာကြောင့် အတည်ပြုလူနာ ၅၀၀ ကျော်ဟာ အိမ်မှာ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာ ထုတ်ပြန်ချက်အရ (ဒီဇင်ဘာလ ၁၀ ရက်)နေ့ ကြာသပတေးနေ့အတွင်း ကူးစက်ခံရမှု မှာ ၆၈၂ ဦးထိရှိလာပြီး ပြည်တွင်းကူးစက်မှုမှာ ၆၄၂ ဦးထိ ရှိပါတယ်။

ဆေးကုသမှုဆိုင်ရာစနစ်အပေါ် ကျရောက်နေတဲ့ ဖိအားများကို ဖြေလျှော့နိုင်ရန် ဆိုးလ်မြို့တော်အစိုးရ အနေဖြင့် ကုန်သေတ္တာဖြင့် ဖွဲ့စည်းပြုလုပ်ထားတဲ့ ယာယီလူနာဆောင် ၄၈ ဆောင်ကို ဆိုးလ်မြို့အရှေ့ဘက်ရှိ ဆိုးလ် ဆေးဘက်ဆိုင်ရာစင်တာမှာ မနေ့ကတည်ဆောက်ခဲ့ပြီးဖြစ်သလို အခြားသောပြည်နယ်ဆေးရုံများသို့ အဆိုပါ ကုန်သေတ္တာဖြင့် ပြုလုပ်တဲ့ ယာယီလူနာဆောင် ၁၀၂ ဆောင် ကို လာမယ့် ရက်များအတွင်း ပေးပို့သွားမှာ ဖြစ်ပါတယ်။

အဆိုပါယာယီလူနာဆောင်များဟာ လူနာများအတွက် သက်တောင့်သက်သာဖြစ်မှုကို ပေးနိုင်မှာမဟုတ်ဘူးလို့ သိရှိရပြီး အာဏာပိုင်များအနေဖြင့် ယခုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီးတော့လည်း လူထုရဲ့ ကြားနာမှုကို ခံယူသွား မှာဖြစ်ပါတယ်။

“ဒါပေမယ့် ဒါဟာ ရှောင်ရှားမရတဲ့ အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပါတယ်”လို့ အရာရှိတစ်ဦးမှ ပြောဆိုထား ပါတယ်။ စောင့်ကြည့်ရေးကင်မရာများနှင့် ပြင်ပလူဝင်ရောက်မှုကို ကန်သတ်ခြင်းအားဖြင့် လုံခြုံရေးကို အထူးမြှင့်တင်သွားမှာဖြစ်တယ်လို့လည်း အဆိုပါ ပုဂ္ဂိုလ်က ဖြည့်စွက်ပြောဆိုခဲ့တာပါ။  

ဆောင်းရာသီအတွင်းမှာ မြင့်တက်လာခဲ့တဲ့ တတိယလှိုင်းကူးစက်မှုဖြစ်စဥ်က သူနာပြုအိမ်များမှအစ စားသောက် ဆိုင်များ၊ ရေနွေးရေချိုးခန်းများနှင့် စစ်ဘက်ဆိုင်ရာယူနစ်များ စသဖြင့် နေရာအနှံ့အပြားတွင် ပေါ်ထွက်လာခဲ့တာ ကြောင့် ထိန်းချုပ်ရန်အပြင်းထန်ဆုံး အခြေအနေဖြင့် သက်သေပြနေပါတယ်။ ထို့ကြောင့် ထိတွေ့မှုများကို ခြေရာခံ ရှာဖွေဖို့ရန်အတွက် အလွန်ကို ခက်ခဲလှပါသည်။

လက္ခဏာပြခြင်းမရှိ၍သော်လည်းကောင်း၊ ကူးစက်ခံရသည့်လမ်းကြောင်းကို မသိ၍သော်လည်းကောင်း၊ တိုးပွား လာခဲ့တဲ့ လူငယ်လူရွယ် လူနာများဟာလည်း စိုးရိမ်ပူပန်စရာဖြစ်ပါတယ်။ လူနာ ၅ ဦးလျှင် ၁ ဦးမှာ ဆက်စပ်မှုမရှိပဲ ဖြစ်ပွားနေတာပါ။

ကြာသပတေးနေ့မှာတော့ ဝန်ကြီးချုပ် ချူဆိုင်ကျွန် က ကျန်းမာရေးဆိုင်ရာ အာဏာပိုင်များကို ခြေရာခံနိုင်စွမ်းရည်များကို တိုးမြှင့်ဖို့နှင့် အမျိုးအစားစုံလင်ကွဲပြားတဲ့ စစ်ဆေးရေးနည်းလမ်းများကို တိုးမြှင့်လုပ်ဆောင်ဖို့ ညွှန်ကြား ထားပါတယ်။

ဖျားနာသူများကို ကုသနိုင်တဲ့ အများပြည်သူပိုင်ကျန်းမာရေး အထောက်အကူပြုမှုဟာ အကန့်အသတ်တစ်ခုကို ကျော်လွန်နေပြီးဖြစ်တာကြောင့် ဗိုင်းရပ်စ် ကို တိုက်ဖျက်ရေးမှာ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ပါဝင်လက်တွဲကြဖို့ ကိုလည်း COVID တုံ့ပြန်ရေးအဖွဲ့နှင့်တွေ့ဆုံတဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

အချက်အလက်များရဲ့ ဖော်ပြချက်အရ ဆေးရုံလူနာကုတင်များရဲ့ ၈၀ ရာခိုင်နှုန်းမှာ ကူးစက်ရောဂါများအတွက် ထားရှိနေရတာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ကြာသပတေးနေ့ကဆိုလျှင် တောင်ကိုးရီးယား၊ ဆိုးလ်မြို့ရဲ့ ဆေးရုံမှာ အခြားသောပြင်းထန်ရောဂါဖြစ်ရပ်များအတွက် ထားရှိပေးနိုင်တဲ့ ကုတင်အရေအတွက် သုံးလုံးခန့်သာရှိခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

​အောင်မျိုးမြတ်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.