မော်လမြိုင် ၊ ဒီဇင်ဘာ(၁)

နိုဝင်ဘာလ (၃၀) ရက်နေ့ တနင်္လာနေ့ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင်,ဝင်ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံသားသုံးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်မှုကို တားဆီးနိုင်ရန်အတွက် ထိုင်းမြောက်ပိုင်းဒေသများအတွင်းရှိ လူဦးရေ ၂၀၀ ခန့်ကို ထိုင်းအစိုးရမှ အပူတပြင်း ခြေရာခံ စစ်ဆေးနေပါတယ်။

လူဦးဝင်မှုကြီးကြပ်စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းပြီး သဘာဝလမ်းကြောင်းအတိုင်း ဝင်ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံသား(အမျိုးသမီး ၃ ဦး) ဟာ ပြန်လည်ဝင်ရောက်လာချိန်မှာ ကွာရန်တင်းမဝင်ပဲ နေခဲ့ကြတယ်လို့ ချင်းရိုင် ဒေသန္တရအုပ်ချုပ်သူအရာရှိ ပရာချွန် ပရတ်ဆာကူ က ပြောကြားခဲ့ပါတယ်။

ချင်းမိုင်နှင့်ချင်းရိုင် ဒေသအတွင်းမှာ ယင်းတို့ထိတွေခဲ့တဲ့ လူဦးရေပေါင်း ၃၅၆ ဦးခန့်ရှိပြီး ယင်းတို့မှာ ဟော်တယ်၊ ရှော့ပင်းမောလ်၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်များနှင့် ဝန်ထမ်းများနှင့် ယင်းတို့၏ ဆက်စပ် ဧည့်သည်များ၊ တက္ကစီမော်တော်ယာဥ်နှင့် ဗန်ကားတစ်စီးမှ ခရီးသည်များဖြစ်ကြတယ်လို့ မစ္စတာ ပရာချွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် တင်းကြပ်တိုင်းတာမှုများနှင့် နယ်စပ် ထိန်းချုပ်မှုများကို လုပ်ဆောင်နေတာဖြစ်ပြီး ကူးစက်မှုနှုန်း ၄၀၀၀ အောက် နှင့် သေဆုံးမှုနှုန်း ၆၀ ခန့်ထိ ထိန်းထားနိုင်တာဖြစ်ပါတယ်။

 သို့သော်ငြားလည်း ခရီးသွားလုပ်ငန်းပေါ် မူတည်နေရတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးက အကြီးအကျယ် ထိခိုက်ခံနေရဆဲဖြစ်ပါတယ်။

ခြေရာခံစစ်ဆေးမှုတွေကို ကြီးကြီးမားမား လုပ်ဆောင်နိုင်ခဲ့တဲ့ အကျိုးဆက်ကြောင့် လူထုအတွင်း အန္တရာယ်ရှိသော ကူးစက်မှုကို နည်းပါးစွာ တွေ့ရှိခဲ့ရပြီး ယခုလများအတွင်း အသစ်ဖြစ်ပေါ်လာတဲ့ ကူးစက်မှုများက ပြည်ပမှ ဝင်ရောက်လာခြင်းသာဖြစ်ပြီး အများစုကို အစိုးရရဲ့ ကွာရင်တင်းအတွင်း တွေ့ရှိ ရတာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးဌာနအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ မြောက်ပိုင်းဒေသန္တရအတွင်းရှိ လူဦးရေ ၁၅၀ ထက် မနည်းအပေါ် စစ်ဆေးထားတဲ့ ဓါတ်ခွဲအဖြေများက Negative ဖြစ်ကြတယ်လို့ ပါရှိပါတယ်။

နိုဝင်ဘာ ၂၄ ရက်အတွင်း ချင်းရိုင် ဒေသအတွင်း တွေ့ရှိခဲ့တဲ့ ရောဂါကူးစက်ခံရသူ ၃ ဦးအနက် ပထမတစ်ဦး က ချင်းမိုင်မြို့ သို့လည်း ခရီးထွက်ခဲ့တာဖြစ်ပြီး သူမအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်လက္ခဏာ များ ဖြစ်ပေါ်လာခဲ့တာကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

ကျန်ရှိတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးမှာတော့ မြန်မာနိုင်ငံအတွင်းရှိ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ခဲ့ကြတာြဖစ်ပြီး သောကြာနေ့က ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

သူတို့က ဒေသအတွင်းမှာ ရှိတဲ့ တည်းခိုခန်းတစ်ခုမှာ နေထိုင်ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းတွင် COVID-19စစ်ဆေးမှုကို ခံယူခဲ့ကာ ဓါတ်ခွဲအဖြေအရ ရောဂါပိုးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ရောဂါကူးစက်မှုဖြစ်ရပ်သစ်ပေါင်း ၁၄၇၇ ဦး ထိ တွေ့ရှိနေရတာဖြစ်ပြီး ကူးစက်သူဦးရေ ၈၈,၀၀၀ နီးပါးရှိကာ သေဆုံးမှုနှုန်းက ၁၈၇၇ ဦး ထိရှိခဲ့တာ ဖြစ်ပါတယ်။

အောင်မျိုးမြတ်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.