မော်လမြိုင် ၊ နိုဝင်ဘာ (၃၀)

ထိုင်းဘုရင် မာဟာဗီဂျီရာလောင်ကွန်နှင့် ဘုရင်စနစ် တို့ရဲ့ ထုတ်ပြန်ရေးသားချက်များကို ပြန့်နှံ့အောင် လှုံ့ဆော်တဲ့ အသုံးပြုသူအကောင့်များကို လွန်ခဲ့တဲ့ ရက်သီတင်းပတ်များအတွင်းက ဖွင့်လှစ်ခဲ့ကြတယ် ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ သုံးသပ်ချက်တစ်ရပ် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ ထိုင်း ဘုရင့်နန်းတွင်းနှင့် ဆက်စပ်မှုရှိတဲ့ တော်ဝင်အသိုင်းအဝိုင်းကို အားပေးထောက်ခံသူတစ်ဦးရဲ့ အကောင့်ကို တွစ်တာမှ သုံးစွဲခွင့်ကို ဆိုင်ငံ့ခဲ့တာဖြစ်ပါတယ်။

ကျွမ်းကျင်သူတစ်ဦးရဲ့ လေ့လာသုံးသပ်ချက်အရ ထိုင်းအစိုးရကို ဆန့်ကျင်ခြင်းကနေ အစပြုပြီး ဘုရင်ဧကရာဇ်ကိုပါ စိန်ခေါ်လာတဲ့ ကာလရှည် လှုပ်ရှားမှု များကို တန်ပြန်သည့်အနေနှင့် တော်ဝင်အသိုင်းအဝိုင်းရဲ့ သတင်းစကားများကို ပိုမိုကျယ်ပြန့်စေဖို့ ထောင်ပေါင်များစွာသော တွစ်တာအကောင့်များက ပေါ်ထွက်လာခြင်းဖြစ်တယ်လို့ ရိုက်တာရဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းစစ်တပ်တွင်း လေ့ကျင့်ရေးဆိုင်ရာ စာရွက်စာတမ်းများကို ရိုက်တာသတင်းဌာနက သုံးသပ်ရာတွင် တောင်ဝင်သတင်းအချက်အလက် ပြန့်နှံ့ရန်နှင့် ပြိုင်ဘက်များကို ရှုံ့ချရန်မှု ရေးဆွဲပုံဖော်ထားတဲ့ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်လှုံ့ဆော်ရေးလှုပ်ရှားမှုတစ်ခု ရှိနေတယ်လို့ အထောက် အထားပြု ပြောဆိုထားပါတယ်။

ထို့အပြင် အဆိုပါ စာရွက်စာတမ်းရဲ့ ဖော်ပြချက်အရ တွစ်တာအကောင့်ပေါင်း ၁၇,၅၆၂ ခုဖြင့် စစ်ဘက်ဆိုင်ရာ အရာရှိပေါင်း ၉,၇၄၃ဦး ကို “White Team” နှင့် “Grey/Black Team” ဟူ၍ နှစ်ဖွဲ့ခွဲ အသုံးပြုနေကာ ဖြန့်ချိရေးသတင်းစကားများကို ဖြန့်ဝေဖို့၊ အပြန်အလှန် Like ပေးဖို့၊ မျှဝေဖို့နှင့် တစ်ဦး ကို တစ်ဦးကို အပြန်အလှန် Follow လုပ်ဖို့ရန်အတွက် ညွှန်ကြားထားခဲ့ပါတယ်။    

ဘုရင့်အုပ်ချုပ်ရေးစနစ်နှင့် ယခင်စစ်အစိုးရခေါင်းဆောင် ပရရွတ်ချိန်အိုချာအပေါ် ရာစုနှစ်များအတွင်း အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာစေခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တန်ပြန့်လှုပ်ရှားမှုများ ဆောင်ရွက်လာခဲ့တဲ့ တော်ဝင်ထောက်ခံသူများပါ ယင်းတို့၏ လှုပ်ရှားမှုများကို တွန်းအားဖြစ်စေရန် အတွက် လူမှုကွန်ရက်၏ အရေးပါပုံကို ကောင်းစွာ အသုံးချခဲ့ကြတာလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့ (တနင်္ဂနွေနေ့)အတွင်း တွစ်တာရဲ့ ကိုယ်စားလှယ်တစ်ဦးက “ဒီလို ရွှေ့ဆိုင်းလိုက်တဲ့ အကောင့်ကဆိုရင် ကျွန်တော်တို့ရဲ့ စည်းမျဥ်းဥပဒေများအပေါ် ချိုးဖောက်မှုတွေ ရှိခဲ့တာကြောင့် အခုလို မေးခွန်းထုတ်ခဲ့ရခြင်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ထိုကဲ့သို့ ရွှေ့ဆိုင်းခံလိုက်ရတဲ့ အကောင့်ရဲ့ ရေးသားဖော်ပြချက်အရ ထိုင်းတော်ဝင်ရေးရာရုံးမှ စီစဥ်တဲ့ တော်ဝင်ဗော်လန်တီယာများအစီအစဥ်တစ်ရပ်အနေနဲ့ ထောက်ခံရေးလှုပ်ရှားမှုများတွင် ပါဝင်မယ့် လူအများကို လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ ပါရှိပါတယ်။

အောင်မျိုးမြတ်

Ref – THE STRAITS TIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.