မော်လမြိုင် ၊ နိုဝင်ဘာ (၁၇)

ရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ညွှန်ကြားချက်တွေ အချိန်မှီမရောက်တာဟာ အောင်နိုင်ရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။

မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၁၂) ဦး အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ်မှာ ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးအတွက် ညွှန်ကြားချက်တွေ နဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက် ညွှန်ကြားချက်တွေ အချိန်မှီမရောက်တာဟာ အောင်နိုင်ရေးအတွက် အဓိက စိန်ခေါ်မှုကြီးဖြစ်ခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးကို ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ထုတ်တာတွေကို ကျွန်တော်တို့ဆီ တိုက်ရိုက်အချိန်မှီမရောက်ဘူး။ ဒါတွေက ကျွန်တော်တို့အတွက် စိန်ခေါ်မှုဘဲ”လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး နိုင်သန်းရွှေက ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာသာ အနိုင်ရရှိခဲ့ပြီး  ပဲခူးတိုင်း ရန်ကုန်တိုင်းနဲ့ တနသ်ာရီးတိုင်းမှာတော့ တစ်နေရာမှ အနိုင်မရရှိခဲ့ပါဘူး။

မွန်ညီညွတ်ရေးပါတီ အနိုင်ရရှိထားတဲ့နေရာတွေကတော့ မွန်ပြည်နယ်မှာ ၁၁ နေရာ ကရင်ပြည်နယ်မှာ ၁ နေရာ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိထားပါတယ်။

အနိုင်ရရှိထားတဲ့ ၁၂ နေရာမှာ ပြည်သူ့လွှတ်တော် ၂ နေရာ အမျိုးသားလွှတ်တော် ၃ နေရာ ပြည်နယ်လွှတ်တော် ၆ နေရာနဲ့ ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာ ၁ နေရာတို့ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.