၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ်အတွက် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီ (တိုင်းရင်းသားလူမျိုးရေးရာအပါအဝင်)၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(မရှိ) မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၄) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

သံဖြူဇရပ်မြို့နယ်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများနှင့် လူငယ်ကိုယ်စားလှယ်လောင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၀)ဦးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၈) အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦး၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦးပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂)အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၂)ဦးနှင့် ယင်း(၂)ဦးထဲမှ လူငယ်အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦး တို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

တိုင်းရင်းသားရေးရာမဲဆန္ဒနယ်မပါ ကိုယ်စားလှယ်လောင်း (၂၁)ဦးတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှုနှုန်း (၂၀)ရာနှုန်းရှိပြီး လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှုနှုန်း (၁၀)ရာနှုန်းရှိသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မဲဆန္ဒနယ်အသီးသီး၌ အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ခြင်းမရှိပေ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မဲဆန္ဒနယ်အသီးသီး၌ အမျိုးသမီးကိုယ်စားလှယ်လောင်း (၁) ဦး၊ အမျိုးသမီးကိုယ်စားလှယ်လောင်းလည်းဖြစ် လူငယ်ကိုယ်စားလှယ်လောင်းဖြစ်သူ (၁)ဦးအနိုင်ရရှိခဲ့သည်။လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်းမည်မျှအနိုင်ရမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

မှတ်ချက် – လူငယ်ဆိုသော အသက်အပိုင်းအခြားကို မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒပါ အသက်အပိုင်းအခြားဖြစ်သည့် ၃၅ နှစ်အထိ တွက်ချက်ထားခြင်းဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာန ရွေးကောက်ပွဲပညာပေးရေးအစီအစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.