August 11, 2020

မွန်မှာ ကျပ်သိန်းပေါင်း ခြောက်သောင်းခွဲတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မော်လမြိုင်၊ ဩဂုတ်၊ ၁၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင် လမ်းမကြီးဘေးအနီးတွင် ကျပ်သိန်းပေါင်း ခြောက်သောင်းခွဲတန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဩဂုတ်လ ၁၀ ရက် ည၈နာရီခွဲခန့်က ရန်ကုန်ဘက်မှ မောင်းနှင်လာပြီးနောက် မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင်လမ်းမကြီးဘေးရာဘာခြံအနီးတွင် ခေတ္တရပ်နားထားသော ယာဉ်အား သတင်းအရ စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော အနီရောင်ပိုက်အိတ်များအတွင်း ကြက်သွန်ဖြူများဖြင့်…

ကိုဗစ်-၁၉ ကြောင့် ရေးဒေသထွက် ကွမ်းသီး ပြည်ပတင်ပို့မှု ရပ်နားထားရ

ရေး ၊ ဩဂုတ် (၁၁) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ရေးဒေသထွက် ကွမ်းသီးတွေကို ပြည်ပတင်ပို့မှု လုံးဝ ရပ်နားထားရတယ်လို့ ဒေသတွင်း ကွမ်းစိုက်ပျိုးသူတွေက ပြောပါတယ်။ အဓိကဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက တမူး-မိုးရေး စစ်ဆေးရေးဂိတ်ကို ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ်လ (၁၀) ရက်နေ့ကတည်းက ပိတ်ထားတာကြောင့် ရေးဒေသထွက်ကွမ်းသီးတွေ ဈေးနှုန်းများ ကျဆင်းလာပါတယ်။ လက်ရှိပြည်တွင်းစျေးကွက်မှာလည်း အရောင်းအဝယ် အေးနေပြီး…

ရန်ကုန်-ရေး ရထားလမ်းပိုင်းအတွင်း ရထားနဲ့ကားတိုက်သဖြင့် လမ်းပိတ်ဆို့မှု ဖြစ်ပွား

ရေး ၊ ဩဂုတ် (၁၁) ရန်ကုန်-ရေး ရထားလမ်းပိုင်းအတွင်း ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာအနီး နှစ်ကရင်-အောင်သပြေလမ်းပိုင်းတွင် ရထားနဲ့ကျောက်တင်ကားတိုက်မိသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွားလျက်ရှိနေပါတယ်။ ဩဂုတ်လ (၁၁)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲအချိန်ခန့်က ရန်ကုန်-ရေး (၈၁)အဆန်ရထားခုတ်မောင်းနေစဉ် ကျောက်တင်ကားက ဝင်ရောက်တိုက်ခဲ့တာပါ။ ” ရထားက ၂ တွဲချော်သွားတယ်၊ အခြေအနေအသေးစိတ်ကို စစ်ဆေးနေဆဲပါ၊ အရင်က အဲ့လိုအဖြစ်မျိုးရှိပေမယ့် ထိခိုက်မှုတော့မရှိခဲ့ဘူး၊ ခုမှ…

UDP ပါတီ မွန်ပြည်နယ်က မဲဆန္ဒနယ် အားလုံး ယှဉ်ပြိုင်မည်

မော်လမြိုင်၊သြဂုတ်(၁၁ ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းက မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ပြည်နယ်တာဝန်ခံဖြစ်သူ ဒေါ်ရီရီချိုက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာတော့ အလွှာပေါင်းစုံက ပညာရှင်တွေ၊ စီးပွားရေးတတ်သိ နားလည်သူတွေကို ရွေးချယ်ထားပြီး မွန်ပြည်နယ်မှာယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၈၀ ရာခိုင်နှုန်းက လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်မတို့ပါတီက တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေရော၊ကျန်တဲ့ လွှတ်တော် ၃ ရပ်ရော၊မွန်ပြည်နယ်က…