September 2018

မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိ

မော်လမြိုင်၊ စက်တင်ဘာ ၂၅ မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့် သက်တမ်းတိုးလျှောက်ထားသူ ၈၉ ဦး၊…

နှစ် (၃၀) ကြာမှ ပြန်လည်ကျင်းပတဲ့ ဘီလူးကျွန်းက လှေပြိုင်ပွဲ

ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာအုပ်စု ဝယ်လမ်းကန်တော်ကြီး၌ ရိုးရာလှေပြိုင်ပွဲကို စက်တာင်ဘာလ (၂၂)ရက်နေ့က စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားများမှာ တစ်တက်လှော်၊ နှစ်တက်လှော်၊ သုံးတက်လှော်လို့ ခွဲခြားထားပြီး တစ်တက်လှော်တွင် ပြိုင်ပွဲဝင် ၆ ဖွဲ့ ၊ နှစ်တက်လှော် ၇ ဖွဲ့ ၊…

မြို့ဝင်ကြေးဂိတ်ဂယက်နှင့် ပြည်နယ်အစိုးရဖြေရှင်းရမယ့် ပုစ္ဆာ

မြို့ဝင်ကြေးဂိတ်ဂယက်နှင့် ပြည်နယ်အစိုးရဖြေရှင်းရမယ့် ပုစ္ဆာ ++++++++++++++++++++++++++++++++++++++++++ မဲခွဲမှုရှုံးနိမ့်ခဲ့ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်သူ တင်သွင်းသည့် မွန်ပြည်နယ်ရှိ မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများ ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်၌ ဆွေးနွေးခဲ့ပြီး ထောက်ခံသူနှင့် ကန့်ကွက်သူများ ရှိနေသဖြင့် မဲခွဲဆုံးဖြတ်ရာ အဆိုထောက်ခံသူ (၁၀)မဲ၊ ကန့်ကွက်သူ (၁၆)မဲရှိခဲ့သဖြင့်…

ကျားတံတားဘိန်းမုန့်

ကျားတံတားဘိန်းမုန့် ++++++++++++++ (တိုင်းရင်းသားရိုးရာအစားအစာအစီအစဉ်) မော်လမြိုင်က အောက်လမ်းမကြီးနဲ့ ကျားတံတားလမ်းထောင့်က ကျားတံတားဘိန်းမုန့်ဆိုရင် လူတော်တေယ်များများသိကြမှာပါ။ မျိုးဆက်သုံးခုအမွေအနှစ်လုပ်ငန်းအဖြစ် လက်ဆင့်ကမ်းလာခဲ့သည့် ကျားတံတားဘိန်းမုန့်လုပ်ငန်းကို သံလွင်တိုင်းမ်ရဲ့ တိုင်းရင်းသားရိုးရာအစားအစာကဏ္ဍအဖြစ် တင်ဆက်လိုက်ပါတယ်။ ကျားတံတားဘိန်းမုန့်လုပ်ငန်းကို နောက်ထပ်မျိုးဆက်တွေကို လက်ဆင့်ကမ်းတော့မှာမဟုတ်ဘူးလို့ လက်ရှိလုပ်ကိုင်နေတဲ့သူတွေက ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် မော်လမြိုင်က ကျားတံတားဘိန်းမုန့်ကို မြည်းစမ်းဖို့ သတင်းပါးပါရစေ။ ရိုက်ကူး – နောင်ခန့်

မြို့နယ်ပြင်ပတွင် ခွင့်ပြုချက်မရှိနေထိုင်လျက်ရှိသော နိုင်ငံခြားသားများကို စစ်ဆေးအရေးယူမည်

ရေး ၊ စက်တင်ဘာ ရေးမြို့ပေါ်မှအပ မြို့နယ်ပြင်ပကျေးရွာများတွင် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများအား စစ်ဆေးအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က ပြောကြားသည်။ စက်တင်ဘာလ ၁၂ ရက်နေ့မွန်းလွဲပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း နိုင်ငံခြားသားများလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများအားတွေ့ဆုံစဉ် ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။ ဦးမျိုးခိုင်က ” နိုင်ငံတော်သမ္မတရုံးရဲ့ညွှန်ကြားချက်အရ ရေးမြို့ပေါ်ကို နိုင်ငံခြားသားများကိုခွင့်ပြုထားတယ်၊ မြို့ပြင်ကိုသွားမယ်ဆိုရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ခွင့်ပြချက်လိုအပ်မှာပါ၊ ခွင့်ပြုချက်မရှိဘူးလို့…

အတ္တရံမြစ်အရှေ့နှင့် အနောက်ကိုဆက်သည့် အတ္တရံမြစ်ကူးတံတားကို (၂)နှစ်အတွင်းအပြီးတည်ဆောက်မည်

မော်လမြိုင်၊ စက်တင်ဘာ ၁၃ ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ကိုဖြတ်၍ အရှေ့ဘက် ကမ်းနှင့် အနောက်ဘက်ကမ်းကိုဆက်ပေးမည့် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားကို ပြည်နယ်ဘက်ဂျက်နှင့် ပြည်ထောင်စုဘက်ဂျက်တို့ ပူးပေါင်း၍ (၂)နှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အဆိုပါ တံတားကို ပြည်ထောင်စုမှ ဆောက်လုပ်ပေးရမှာဖြစ်သော်လည်း ပြည်ထောင်စု အနေနဲ့ တံတားကိုဆောက်လုပ်ပေးမည်ဆိုပါက ယခုရရှိမယ့်ဘက်ဂျက်အနေနဲ့ မဖြစ်နိုင်သေးတာကြောင့် ပြည်နယ်ဘက်ဂျက်နဲ့ ပူးပေါင်းဆောက်လုပ်ရကြောင်း ဝန်ကြီးချုပ်…

မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်ဖျက်သိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း

မော်လမြိုင်၊ စက်တင်ဘာ ၁၂ မွန်ပြည်နယ်မှာ မြို့ဝင်ကြေးကောက်ခံနေတဲ့ဂိတ်စခန်းတွေကို ဖျက်သိမ်းပေးဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တေ်ာအစည်းအဝေးမှာ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အဆိုတင်သွင်းခဲ့သည်။ “မြို့ဝင်ကြေးဂိတ်တွေကြောင့် ခရီးသွားပြည်သူတွေ စိတ်အနှောင့်ယှက်ဖြစ်ရတဲ့အတွက် ဖျက်သိမ်းသင့် တယ်လို့“ ဦးအောင်ကျော်သူက ပြောသည်။ မြို့ဝင်ကြေးကောက်ခံရရှိတဲ့အခွန်အခတွေကနေ ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပေးနေသော်လည်း ခရီးသွားပြည်သူတွေရဲ့စိတ်ချမ်းသာမှုကို ဦးစားပေးရွေးချယ်သင့်တာကြောင့် မြို့ဝင်ကြေးဂိတ်ဖျက်သိမ်းရန် အဆိုကို ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်…

ကင်ပွန်းစခန်းဒေသခံများ ပိုင်ဆိုင်သည့် ယာဉ်အစီးရေ(၃၀) ပြေးဆွဲခွင့်ရရန် နိုင်ငံတော်သမ္မတထံ (၁၃)ကြိမ် မြောက် အသနားခံစာပေးပို့

ကျိုက်ထို၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်တက်ယာဉ်လိုင်းတွင် ကင်ပွန်းစခန်းဒေသခံများ ပိုင်ဆိုင်သည့် ယာဉ်အစီး ၃၀ အား သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျိုက်ထီးရိုးဆံတော်ရှင် ပွဲတော်ချိန်အမီ ပြေးဆွဲခွင့်ရန် စက်တင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတော်သမ္မတထံ ၁၃ ကြိမ်မြောက် အသနားခံစာတင်လိုက် ကြောင်း ကင်ပွန်းစခန်းဒေသခံ ယာဉ်ပိုင်ရှင်များအဖွဲ့မှ သိရသည်။ “သမ္မတ ဦးထင်ကျော်လက်ထက်မှာ ၁၀ ကြိမ်နဲ့…

ဒစ်ဂျစ်တယ်နည်းပညာသုံး မွေးဖွားမှုနှင့် သေဆုံးခြင်းဆိုင်ရာ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို မွန်ပြည်နယ်တွင် စမ်းသပ်ဆောင်ရွက်သွားမည်

မော်လမြိုင်၊ စက်တင်ဘာ ၁၁ ဒစ်ဂျစ်တယ်နည်းပညာဖြင့် မွေးဖွားမှုနှင့်သေဆုံးခြင်းဆိုင်ရာမှတ်တမ်းတင်ခြင်းစီမံချက် (Mobile birth and death registration project )ကို ပထမဦးဆုံးအနေဖြင့် မွန်ပြည်နယ်တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တထိန်လင်းကပြောသည်။ အဆိုပါပရောဂျက်ကာလကို လ(၂၀)သတ်မှတ်ထားကာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင် ဆောင်ရွက်သွားမှာဖြစ်ပြီး မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်ရှိ သားဖွားဆရာမများကို Mobile Tablets…

ရိုက်တာသတင်းထောက်နှစ်ဦးပြန်လွှတ်ပေးရန် မွန်၊ ကရင် သတင်းထောက်များ စုပေါင်းဆန္ဒဖော်ထုတ်

မော်လမြိုင်၊ စက်တင်ဘာ ၇ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရသော ရိုက်တာ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် မွန်ပြည်နယ်၊ ကရင်ပြည်နယ်အခြေစိုက်သတင်းထောက်များက ယနေ့မနက်ပိုင်းက မော်လမြိုင်မြို့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။ မော်လမြို့တွင်းစီတန်းလှည့်လှည်ပြီး ကျိုက်သုတ်ဘုရားတွင် ဖမ်းဆီးခံသတင်းသမားများအတွက် ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။