ရေး ၊ နိုဝင်ဘာ ၁၆
ရေးမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များအား မျက်ခြေမပြတ်စောင့် ကြည့်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

နိုဝင်ဘာလဆန်းပိုင်းအတွင်းက ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်သည့် လူကုန်ကူးမှုနှင့် ညှင်းပန်းနှိပ်စက်မှု တို့ကြောင့် ရးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်ပြီး အလားတူဖြစ်ရပ်များအတွက် ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကာ လိုအပ်ပါက လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ ခုအမှုအပါအဝင် ရှေ့ကအမှုတွေကို စောင့်ကြည့်နေတယ်၊ တကယ်လို့ ဒီဖြစ်စဉ်တွေမှာ မရိုးမသားမှု တွေ ဖြစ်ပေါ်လာခဲ့တယ်ဆိုရင် လွှတ်တော်အထိတင်ဖို့စဉ်းစားထားတယ်။ လူတွေကို ကျွန်အဖြစ် ဖမ်းဆီးချုပ် နှောင်ပြီး ရောင်းစားနေတာနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲပေါ့၊ ပြောခဲ့သလောက်လဲ ပြောခဲ့ပြီး ပြီ၊ မြို့ရဲ့နာမည်လဲပျက်တယ်။ မျက်ခြေမပြတ်စောင့်ကြည့်နေမယ် ” ဟု ဦးမျိုးဝင်းက ဆိုသည်။

၂၀၁၄ ခုနှစ်ကစတင်ကာ လူကုန်ကူးမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ရောင်းစားမှုများ စတင်လေ့လာသိရှိခဲ့ ကြောင်း၊ လူမှုကွန်ယက်နှင့် မီဒီယာများမှတဆင့် ပြောဆိုတင်ပြခဲ့ကြောင်း၊ ထို့ပြင် တာဝန်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအား ဆွေးနွေးတင်ပြခဲ့သော်လည်း စိတ်ဝင်စားမှုနည်းပါးကြောင်း၊ နောက်ပိုင်းတွင် ဖြစ်စဉ်တွေက ဆက်တိုက်ဖြစ်လာပြီး သိသာထင်ရှားလာသည်နှင့်အမျှ ရေးမြို့အနေဖြင့် နာမည်ပျက်ရကြောင်း ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

“ ဖြစ်စဉ်တွေက ဆက်တိုက်ဖြစ်လာပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှု ကြောင့် သိသာထင်ရှားလာတယ်၊ ဒါနဲ့အတူ အကျိုးဆက်က ရေးမြို့နယ်လည်း နာမည်ပျက်ရတယ်၊ ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေ ဥပမာဗျာ – ငါးဦးစီး၊ ရဲ၊ အလုပ်သမား စတဲ့ဌာနတွေက စနစ်တကျ စိစစ်ကြပ်မတ်အရေးယူဆောင်ရွက်ပေးစေချင်တယ်၊ ခုဖြစ်နေတာက တာဝန်ရှိသူအချို့ပါ ပါဝင်ပတ်သက်နေ ပြီးဒီလ ၁၃ ရက်နေ့က ကျွန်တော်တို့ပါဝင်ဆောင်ရွက်ပေးတဲ့ လူကုန်ကူးမှုဖြစ်စဉ်မှာဆိုရင် ရဲတပ်ဖွဲ့ဝင် တစ်ဦးပါနေလို့ ဖမ်းဆီးထားတယ်လို့ သိရတယ်။ အဓိကဖြစ်နေတာက အလုပ်သမားရှာပေးတဲ့ လူပွဲစားတွေရဲ့ တရားဥပဒေမဲ့စုဆောင်းတာ၊ ထိန်းသိမ်းရောင်းစားတာတွေပါ၊ တဆက်တည်းဖြစ်တာက ညှင်းပန်းနှိပ်စက်မှု၊ လိမ်လည်ခေါ်ယူမှုတွေပဲ ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုနှစ်အတွင်း ရေးမြို့နယ်နှင့် မြို့နယ်နှင့်ဆက်စပ်သည့်ပင်လယ်တွင်း လူကုန်ကူးမှု ၇ ခုဖြစ်ပွားခဲ့ပြီး ရေလုပ်သားနှင့်ဆက်စပ်သည့် သေမှုသေခင်း၊ လူသတ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်မှ ယနေ့အထိ ရဲတပ်ဖွဲ့စာရင်းများအရ ၆၀ နီးပါးခန့် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ရေလုပ်ငန်းနှင့်ပတ်သက်သည့် ဖြစ်ပွားနေသောကိစ္စရပ်များအား လာမည့် နိုဝင်ဘာလနောက်ဆုံး ပတ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြီး Town Hall Meeting တစ်ရပ် ကျင်းပဆွေးနွေး အဖြေရှာရရန်ရှိနေသည်ဟုလည်း သိရှိရသည်။
%e1%80%b1%e1%80%9b%e1%80%b8%e1%80%9c%e1%80%b0%e1%80%80%e1%80%af%e1%80%94%e1%80%b9%e1%80%80%e1%80%ba%e1%80%b0%e1%80%b8
သတင်း – ရဲနိုင်ဦး (ပုံပါ)
ဓါတ်ပုံ – ANW

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.