ရေး ၊ အောက်တိုဘာ

ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက် လုပ်ရန် ပြီးခဲ့သည့်အစိုးရနှင့် MOA လက်မှတ်ရေးထိုးထားသည့် TTCL PubblicCo,Ltd တိုယိုထိုင်းကုမ္ပဏီအနေ ဖြင့် ယင်းစီမံကိန်းပြုလုပ်ရန် အကြောင်းအမျိုးမျိုးကြောင့် မှေးမှိန်နေသော်လည်း သတိဝိရိယနဲ့ စောင့်ကြည့်နေ ကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ရေးမြို့၊ ရွှေဆံတော်ဓမ္မာရုံတွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းအကောင်အထည်မဖော်နိုင်ဖို့ မိမိတို့တွင်တာဝန်ရှိ ကြောင်း ၎င်းက ဆိုသည်။

“ မဲဆွယ်ကာလမှာ ရေးမြို့နယ်မီးလင်းဖို့ အံဒင်ကျောက်မီးသွေးစက်ရုံ ဆက်လက်အကောင်အထည် မဖော်နိုင်ဖို့အတွက်ကတိပေးထားတာရှိတယ်၊ အဲဒီကိစ္စကလည်း အကြောင်းအကြောင်းကြောင့် မှေးမှိန်သွားပါ ပြီ၊ ဒါပေမယ့် ကျွန်တော်တို့က သတိဝိရိယနဲ့ စောင့်ကြည့်နေပါတယ်၊ ကတိပေးထားတဲ့အတိုင်း ဒီစီမံကိန်း အကောင်အထည်မဖော်နိုင်ဖို့က ကျွန်တော်တို့မှာတာဝန်ရှိတယ် ” ဟု ဒေါက်တာမင်းစိုးလင်းက ဆိုသည်။

အံဒင်ကျေးရွာအနီး မြေဧက ၅၀၀ ပေါ်တွင် တိုယိုထိုင်းကုမ္ပဏီက ဒေါ်လာသန်း ၂၇၀၀ ရင်းနှီးမြှုပ်နှံကာ ၁၂၈၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်ထုတ်လုပ်နိုင်မည့်အဆင့်မြင့်နည်းပညာသုံးကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံဆောက်လုပ်ရန်လျာထားပြီး ဒေသခံများအနေဖြင့် မိမိတို့၏သဘာဝပတ်ဝန်းကျင်ထိခိုက်လာနိုင်မှုအပေါ် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့ကဦးဆောင်ကာရေးမြို့ပေါ်တွင် အင်အား ၅၀၀ ဖြင့် လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ မေလ ၅ ရက်နေ့က စီမံကိန်းပြုလုပ်မည့်အံဒင်ကျေးရွာ၌ ဒေသခံအင် အား ၆၀၀၀ ဖြင့်လည်းကောင်း ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ပြီးဖြစ်သည်။

“ ကျွန်တော်တို့လွှတ်တော်သက်တမ်းအတွင်းမှာ ဒီစီမံကိန်းမဖြစ်ဖို့အာမခံပါတယ် ” ဟုလည်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ဆိုသည်။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အနေဖြင့်လည်း စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်မှုများဆောင် ရွက်နေပြီး ကန့်ကွက်မှုများ ပြုလုပ်နေမည်ဖြစ်ကြောင်းလည်း ယင်းအဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ဆိုသည်။

အံဒင်ဒေသခံဘုန်းတော်ကြီးများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ/ဖများမှလည်း ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့လည်းကောင်း၊ ယခုအစိုးရလက်ထက် စက်တင်ဘာလ ၂၆ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ဝန်ကြီးချုပ်တို့ကိုတွေ့ဆုံ၍ စီမံကိန်းအပေါ်ကန့်ကွက်ကြောင်း တင်ပြခဲ့ကြကာ ပြည်နယ်အစိုးရအနေဖြင့် ယင်းတို့လက်ထက်တွင် အကောင်အထည်ဖော်ဆောက်လုပ်ခွင့်ပေး မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု အံဒင်ဒေသခံများထံက သိရသည်။

သတင်း – ရဲနိုင်ဦး (ပုံပါ)
%e1%80%a1%e1%80%b6%e1%80%92%e1%80%84%e1%80%b9%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8
ဓါတ်ပုံ – ၂၀၁၅ ခုနှစ်၊ မေလ ၅ ရက်နေ့၊ အံဒင်ကျေးရွာတွင် အံဒင်ကျောက်မီးသွေး
လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကန့်ကွက်ဆန္ဒဖော်ထုတ်နေစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.