Dawei Watch မြိတ် နိုဝင်ဘာ ၉

သစ်ထုတ်ခွင့်ပိတ်ပြီး နောက်ပိုင်း သစ်ရှားပါးကာ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် လူသေအလောင်းများအတွက် အသုံးပြုသည့် အခေါင်းအကြမ်း စရိတ် မြင့်တက်ခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းမှ သိရသည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်ခန့်က ရေလမ်းဖြင့် သယ်ယူလာသည့် သစ်လုံးဖောင်များတွင် အသုံးပြုသည့် ရေပေါ်သစ်များကို သစ်စက်လုပ်ငန်းရှင်များ၏ လှူဒါန်းမှူဖြင့် အခေါင်းကြမ်းများ ပြုလုပ်နိုင်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် သစ်တစ်တန်လျှင် ၃ သိန်းခွဲမှ စတင်ပြီး ဝယ်ယူသံုံးစွဲနေရကာ လက်ရှိတွင် ၇ သိန်းအထိ ဈေးမြောက် တက်လာသည့်အတွက် ကုန်ကျစရိတ် မြင့်တက်လာသည့်အပြင် ဝယ်ယူရလည်း ခက်လာသည်ဟု ဝဋံသကနာရေးကူညီမှုအသင်းမှ သိရသည်။

“အခေါင်းကြမ်းတစ်ခုကို ငွေ ၂ သောင်းဝန်းကျင်ခန့် ကုန်ကျနေတယ်”ဟု ဝဋံသကနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးခင်ဇော်က ပြောသည်။

အဆိုပါ အခေါင်းကြမ်းများကို ဆွေမျိုးမဲ့၊ မူခင်း၊ ဆွဲကြိုးချသေ၊ နေ့ချင်းချ လူသေအလောင်းများ အတွက်သာ အသင်းမှ ငွေကြေးမယူပဲ အခမဲ့အသုံးပြုပေးနေပြီး တစ်လလျှင် အလုံးရေ ၂၀ ဝန်းကျင်ခန့် အသုံးပြုနေရကြောင်း ယင်းအသင်းမှ သိရသည်။

ယခု ၂၀၁၆-၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်မှ သစ်ထုတ်လုပ်ခွင့် တစ်နှစ် ရပ်နားထားသည်။
%e1%80%a1%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8
သစ်ထုတ်ခွင့် ရပ်နားခဲ့သည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြိတ်အထပ်သားစက်ရုံ ယာယီရပ်နားခဲ့ပြီး သစ်စက်လုပ်ငန်း တစ်ချို့နှင့် ပရိဘောဂလုပ်ငန်းတို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ယင်းလုပ်ငန်းအသိုင်း အဝိုင်းမှ သိရသည်။

မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းများမှာ ဝဋံသက၊ ပရဟိတကာရီ၊ မိသားစုညီညွတ်ရေး၊ အောင်မြင့်မိုရ် စသည့်အသင်းများ ဖြစ်ကြပြီး ယင်းအသင်းများမှာ စေတနာရှင်အလှူများ၏ လှူဒါန်းငွေများဖြင့် ရပ်တည်နေရကြောင်း သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.