တင်ဆက်သူ-TU Arkar Min

Myanmar idol ဝင်ရောက်ယှဉ်ပြိုင်မယ့် လူငယ်တွေအတွက် Myanmar Idol တေးသံရှင် နင်ဇီမေ ရဲ့ အတွေ့အကြုံတွေကို လူငယ့်ရှုထောင့်ကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါတယ်။

မေး-Myanmar Idol ကို ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ခဲ့ပုံလေးလည်း ပြောပြပါဦးအစ်မ။

ဖြေ-ဒီပွဲမတိုင်ခင် (၂) ရက်လောက်အလိုမှာ အစ်မရဲ့ အမေက TV မှာတွေ့လိုက်တော့ Organizer တွေနဲ့ ချိတ်ဆက်ပြီး ဝင်ပြိုင်ဖြစ်သွားတာပါ။

မေး- ဒီပြိုင်ပွဲအတွက် သီးခြားလေ့လာခဲ့ရတာမျိုးရော ရှိလား။

ဖြေ-အဲ့လိုမျိုးတော့ မလေ့လာဖြစ်ခဲ့ဘူး။ သိတာက (၂) ရက်လောက်အလိုမှ သိတာဆိုတော့လေ။

မေး-Myanmar Idol ပြိုင်မယ့် လူငယ်တွေအတွက် အစ်မအတွေ့အကြုံလေးလည်း ပြောပြပေးပါဦး။

ဖြေ-အစ်မကတော့ စိတ်ပိုင်းဆိုင်ရာတွေ ပြင်ဆင်ခဲ့ရတာတွေ ရှိတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ရတာတွေမှာ ဂရုစိုက်ခဲ့ပါတယ်။

မေး-Myanmar idol ပြိုင်ရင် သတိထားရမယ့် အချက်အလက်တွေလည်း ပြောပြပါဦးအစ်မ။

ဖြေ-ဒီပြိုင်ပွဲက အရမ်းကောင်းတဲ့ အစီစဉ်တစ်ခုပါ။ ပြိုင်ပွဲဝင်တွေကိုလည်း လိုလေသေးမရှိ ထားပါ တယ်။ ပြိုင်ပွဲဆိုတာက အနိုင်နဲ့ အရှုံးပဲရှိပါတယ်။ ကိုယ့်ထက်သာတဲ့သူတွေလည်း ရှိမယ်။ အဓိက ကတော့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီး မြန်မာသီချင်းတွေနားထောင်စေချင်ပါတယ်။

မေး-အစ်မအနေနဲ့ နောက်ထပ်ရော ပြိုင်ပွဲတွေ ထပ်ပြိုင်ဖို့ ရှိသေးလား။

ဖြေ- ထပ်ပြိုင်ဖို့တော့ မရှိတော့ပါဘူး။ အစ်မက အခွေအတွက် လုပ်နေလို့ပါ။

မေး-ပြိုင်ပွဲဝင်မယ့် လူငယ်တွေအတွက် အစ်မ ပေးချင်တဲ့ သတင်းစကားများရှိမလား။
%e1%80%94%e1%80%84%e1%80%b9%e1%80%87%e1%80%ae%e1%80%b1%e1%80%99
ဖြေ-ဟုတ်။ ပြိုင်ပွဲဝင်မယ့် ညီငယ် ညီမငယ်လေးတွေ ပြိုင်ပွဲဆိုတာ အနိုင်နဲ့ အရှုံးပဲ ရှိတဲ့ အတွက် ရှုံးသွားရင်လည်း စိတ်ဓာတ်မကျပါနဲ့လို့။ ထပ်ကြိုးစားပါ။ ကိုယ့် ရဲ့ စေတနာမှန်ရင် ကိုယ့်ကိုယ် ပရိတ်သတ်တွေလည်း ချစ်ကြမယ်။အနုပညာမှာလည်း အောင်မြင်လာမယ်လို့ ပြောချင်ပါတယ်။

မေး- အစ်မကို အားပေးနေကြတဲ့ ပရိတ်သတ်တွေကိုလည်း စကားလက်ဆောင် ပါးပေးပါဦး။

ဖြေ-စကားလက်ဆောင်ကတော့ ပြိုင်ပွဲဝင်တွေ အားလုံး အဆင်ပြေပါစေလို့ပဲ ပြောချင်ပါတယ်။ ကိုယ်ချစ်တဲ့ အနုပညာကို ဒီပြိုင်ပွဲကနေ တစ်ဆင့် ကြိုးစားခွင့် ရမယ် ဆိုရင် ပျော်ပါတယ်။ ကိုယ် လုပ်ချင်တဲ့ အနုပညာအလုပ်လည်းလုပ်ရတယ်ဆိုတော့ ပြိုင်ကြမယ့် ဂျူနီယာ ညီမလေးတွေ အကောင်းဆုံးပြိုင်နိုင်ပါစေလို့ ကိုယ်လိုချင်တဲ့ ပန်းတိုင် ကို အရောက်သွားနိုင်ပါစေလို့ ဆုတောင်း ပေးချင်ပါတယ်။

သံလွင်တိုင်းမ် ရဲ့ စာဖတ်ပရိတ်သတ်တွေလည်း Myanmar Idol တို့လို ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ စဉ်းစားမိကောင်း စဉ်းစားမိပါလိမ့်မယ်။ တေးသံရှုင် နင်ဇီမေ ရဲ့ Myanmar Idol အတွေ့အကြုံ တွေထဲမှာမှ စိတ်ဓာတ်ပိုင်းဆိုင်ရာကို သတိထားဖို့ သိလိုက်ရတဲ့အတွက် ကျေနပ်နှစ်သက်ကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်လိုကြိုးစားနေတဲ့ လူငယ်တွေရဲ့ အကြောင်းကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့် မျှော်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.