ဘားအံ၊ အောက်တိုဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သံခါကျေးရွာတွင် အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရှုတ်ချရေးနှင့် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဆိုင်းဘုတ်တင်စိုက်ထူပွဲအား ကော့သံခါ ကျေးရွာဘော်လုံးကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပွဲသို့ KNU၊ BGF ၊ KNU/KNLA(PC) ငြိမ်းချမ်းရေးအဖွဲ့များ၊ ထုံးအိုင်နယ်မြေစခန်းမှူး ဦးဆောင် သည့် ရဲတပ်ဖွ့ဲများ၊ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူစုစုပေါင်းအင်အား (၅၀၀)ကျော်တက် ရောက်ခဲ့ကြောင်းသိရသည်။

နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၀၁၆)တပ်ရင်းမှ ဗိုလ်မှူး စိုးစိုးက “မူးယစ်ဆေးအစ ဆေးလိပ်ကလို့ စာဆိုရှိပါတယ်။ ဆယ်စုနှစ်ကျော်ကျော် လူကြီးလူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲပြီး ရာဇဝတ်မှုတွေ ကျူးလွန်တာ တွေရှိခဲ့တယ်။ အဲဒါတွေကို တိုက်ဖျက်ရမယ်။ မျိုးဆက်သစ်လူငယ်တွေ လူကြီးတွေ မူးယစ်ဆေးဝါးကင်းစင်ခြင်း ဟာလည်း မင်္ဂလာတစ်ပါးပါ။ ဒါကြောင့်မို့ မူးယစ်ကင်းစင်ဒေသတွေ သတ်မှတ်နိုင်ပါမှ လူ့စွမ်းအားအရင်းအမြစ်

ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ အခုလို မူးယစ်ဆေးဝါး ကင်းစင်နယ်မြေတွေ အများအပြားပေါ်ပေါက်လာနိုင် အောင် မိမိတို့တပ်ဖွဲ့တွေကလည်းပြည်သူလူထုနဲ့ပူးပေါင်းလက်တွဲဖေါ်ဆောင်နေပါတယ်” ဟုပြောကြားခဲ့ သည်။

ဆက်လက်၍ (KNU)ဒုံရင်းတပ်နယ်မှူး ဗိုလ်ကြီးစောမန်းဒီးနှင့်KNU/KNLA(PC)ငြိမ်းချမ်းအရေးအဖွဲ့ ကော့မူးတာနယ်မြေမှူးဗိုလ်ကြီးစောခွေလူသော့တို့ကလည်း မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် တားဆီးကာ ကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကို ကရင်တိုင်းရင်းသားဘာသာဖြင့် ပြော ကြားခဲ့ပြီး ထုံးအိုင်နယ်မြေရဲစခန်းမှူး ရဲအုပ်ညီညီမိုးက မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ပါတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ကော့သံခါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောအောင်ဝင်းက “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ လူကြီး လူငယ်အဖွဲ့တွေဖွဲ့စည်းပြီးလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ကျေးရွာအုပ်စုအတွင်းမှာ မူးယစ်ဆေးဝါး ကင်းစင်နယ်မြေအဖြစ် အရှည်သဖြင့် တည်တန့်ခိုင်မြဲအောင် ကျေးရွာလူထုအားလုံးက ပူးပေါင်းပါဝင်ထိန်းသိမ်း လုပ်ဆောင်သွားရမယ်”ဟုပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာခဲ့သော ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ကျောင်းသားပြည်သူများသည် မူးယစ်ဆေးဝါးဆန့်ကျင်ရှုံ့ချရေးကြွေးကြော်သံများဖြင့် ကျေးရွာဘော်လုံးကွင်းတစ်ပတ်လှည့်လည်ကြွေးကြော်ခဲ့

ကြပြီး ကော့သံခါကျေးရွာသည်မူးယစ် ဆေးဝါးကင်းစင်နယ်မြေဖြစ်သည် စာသားပါဆိုင်းဘုတ်အား စိုက်ထူ ခဲ့ကြကြောင်းသိရသည်။
img_20161025_094929
သတင်း – ကိုကိုထက် (ဘားအံ)
ဓါတ်ပုံ ဘုန်းထက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.