ရေး ၊ အောက်တိုဘာ ၂၅

ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒုလဝကမှူးအဆင့်ရှိ ဦးစိုး သက်သည် ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု အရေးပြိုင်ပွဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဝါသနာအရှင်-အရေး (ဒုတိယတန်း)တွင် ဒုတိယဆုဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။

နေပြည်တော်တွင်ကျင်းပသည့် ၂၂ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် “ ထိန်းသိမ်းရမလေ ရိုးရာအမွေ ” ဆိုသည့်ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မွန်ပြည်နယ်ကိုယ်စား ဆုရယူပေးနိုင်ခဲ့သည့်အတွက် အတိုင်းမသိဝမ်းသာမိကြောင်း ဒုလဝကမှူး ဦးစိုးသက်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ မွန်ပြည်နယ်မှာပြိုင်တုန်းက အထူးဆုရခဲ့ပြီး ပြည်နယ်ကိုယ်စားပြုခံရတယ်၊ ပြိုင်ပွဲကို ခုမှပဲစပြိုင်ဘူးပြီး ဗဟိုအဆင့်မှာဆုတစ်ခုရခဲ့တော့ အတိုင်းမသိဝမ်းသာမိပါတယ်၊ ပထမဆုံးပြိုင်ပွဲမှာ ဒုတိယဆုဆွတ်ခူးနိုင်ခဲ့တာ ပေါ့ ” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ငြိမ်းချမ်းရေး၏ဂျိုးကူသံခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်အရွေးခံခဲ့ရပြီး ဗဟိုအဆင့် ဝါသနာရှင်အဆင့်(ဒုတိယတန်း)တွင် ရန်ကုန်တိုင်း၏နောက် ကယားပြည်နယ်နှင့် ပူးတွဲဒုတိယဆုရယူနိုင်ခဲ့ကာ ယင်းပြိုင်ပွဲ၏တတိယဆုကို စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့က ပူးတွဲရရှိခဲ့သည်။

“ ရေးမြို့ဇာတိ ဗဟိုအဆင့် ဆုရဖူးတဲ့သူအနေနဲ့ ၂၀၀၆ ခုနှစ် ၁၄ ကြိမ်မြောက်မှာ အရေးအနေနဲ့ မင်း အောင်ထူးက ပထမရွှေတံဆိပ်ဆွတ်ခူးခဲ့ဖူးတယ်၊ ခုလို မျိုးဆက်သစ်တွေအနေနဲ့ ဗဟိုအဆင့်မှာ ဆုယူနိုင်ခဲ့ တာတော့ ဝမ်းသာဂုဏ်ယူရမှာပါ ” ဟု ရေးမြို့နေ တေးရေးစာဆို ကိုဘဦးက သံလွင်တိုင်းမ်သို့ပြောသည်။

ယင်းပြိုင်ပွဲတွင် မွန်ပြည်နယ်အဖွဲ့ကိုယ်စားပြုအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲစုံတွင် ရွှေ (၃)ခု၊ ငွေ (၄)ခု၊ ကြေး (၃)ခုနှင့် အထူးဆု (၈)ခု စုစုပေါင်း (၁၈)ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
%e1%80%b1%e1%80%9b%e1%80%b8%e1%80%9c%e1%81%80%e1%80%80-%e1%80%86%e1%80%af%e1%80%ad%e1%80%80%e1%80%b1%e1%80%9b%e1%80%b8%e1%80%90%e1%80%ae%e1%80%b8
သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.