ရေး ၊ အောက်တိုဘာ ၂၅

ရေးမြို့၊ အဏ္ဏဝါရပ်၊ တနင်္သာရီလမ်းမကြီးဘေးတွင် ပြန်လည်တည်ဆောက်ပြီးစီးပြီဖြစ်သည့် အဏ္ဏဝါ အဝေးပြေးကားဝင်းမှာ အရည်အသွေးပိုင်းဆိုင်ရာဝေဖန်မှုများရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြေ လည်အောင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန်ရှိနေသဖြင့် လာမည့်နိုဝင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်နိုင် ဖွယ်မရှိသေးကြောင်း သိရသည်။

ဖွင့်ပွဲလုပ်ရန်မသင့်ဟု ကောက်ချက်ချရမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်ကောင်းပြီး လုပ်နည်းလုပ်ဟန် မှားနေပါသော်လည်း အားလုံးတွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးဖို့ဆောင်ရွက်မှာဖြစ်ကြောင်း ရေးမြို့နယ်အုပ်ချုပ်ရေး မှူး ဦးတင်ညွန့်က အောက်တိုဘာလ ၂၄ ရက်နေ့ မြို့နယ်ထွေ/အုပ်ခန်းမတွင် မြို့နယ်စည်ပင်၊ ယာဉ်လိုင်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

“ မြို့နယ်စည်ပင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကန်ထရိုက်နဲ့ ဆိုင်ခန်းရှင်တွေနဲ့တူ ကားဝင်းမှာ လာ မယ့်အပတ်စနေ လုပ်မယ်၊ သင့်တင့်တဲ့အဖြေရဖို့ အပြေအလည်ညှိဖို့လိုပါမယ် ” ဟု ၎င်းက ပြောသည်။

မြို့နယ်စည်ပင်အနေဖြင့် နိုဝင်ဘာလ ၄ ရက်နေ့တွင် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားကြီးများ အဝေးပြေးကားဝင်းအတွင်းသို့ဝင်ရောက်ကြရန်ပြောဆိုခဲ့သော်လည်း ကားအသင်းကိုယ်စားလှယ်များနှင့် ပိုင်ရှင် များက အရည်အသွေးပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေခြင်းကြောင့် မဝင်ရောက်နိုင်ရေးတင်ပြခဲ့ကြပြီး မြို့နယ် စည်ပင်အနေဖြင့်လည်း သင့်တော်သည့်အချိန်ရောက်မှသာ ကားများအထဲဝင်ရောက်ရေး ပြုလုပ်သွားမည်ဖြစ် သည်ဟု ယင်းဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးလွင်က ပြောဆိုခဲ့သည်။

“ ကော်မတီက အရည်အသွေးစစ်ဆေးတဲ့အဖွဲ့ရှိမယ်၊ တစ်ခန်းချင်းအလိုက် တင်ပြမှုတွေအပေါ် လုပ် ပေးသွားမယ် ” ဟု ဦးမျိုးလွင်က ဆိုသည်။

ကားအသင်းပိုင်ရှင်များနှင့် ဆိုင်ခန်းဝယ်ယူထားသူများက ဆိုင်ခန်းများတည်ဆောက်ထားခဲ့မှုအပေါ် အရည်အသွေးပိုင်ဆိုင်ရာအဆင့်မမှီမှုအား တာဝန်ရှိသူများထံ မေးခွန်းများထုတ်ခဲ့ပြီး လူနေရန် မသင့်တော်သေး ကြောင်း ပြောဆိုခဲ့ကြကာ တာဝန်ယူမှု၊ တာဝန်ခံမှုအနေဖြင့် ဥပဒေနှင့်အညီ အာမခံချက်တစ်စုံတရာ ပေးစေချင် ကြောင်း ပြောဆိုခဲ့ကြသည်။

“ အဲဒါကြီးကိုလက်ခံလိုက်ရင် ဒီလူဟာဘာမှအဆင့်အတန်းမရှိဘူးလို့ ပြောခံရမယ့်အနေအထားရောက် တယ်၊ အဆင့်မြင့်လူနေအခန်းတွေလို့ဆိုထားတော့ အဆင့်တစ်အားမြင့်ရမယ်လို့မဆိုလိုပါဘူး၊ သာမန်အနေ အထားအထိပေါ့၊ ခုဟာက ခပ်ရှင်းရှင်းပြောရရင် လူနေရန်မသင့်တော်သော မဆောက်ခင်က ဖြိုဖျက်ရန်သင့် သောအဆောက်အဦးလို့အမည်တပ်ရင် ပိုပြီးမသင့်တော်ဘူးလား၊ နောက်ပြီးတော့ ကားကြီးတွေဝင်မယ်၊ ၁၂ ဘီးကားတွေက ၂၇ တန်ရှိတယ်၊ ၂၈ တန်အထိရှိတယ်၊ ခုခင်းထားတဲ့ကွန်ကရစ်ရဲ့ခံနိုင်အားက ဒီနေ့လား၊ မနက်ဖြန်လား၊ ဒါမှမဟုတ် ၃ နှစ်လား၊ ၅ နှစ်လား၊ အာမခံချက်တစ်ခုခုကတော့ ပေးဖို့လိုလိမ့်မယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုတော့လိုလိမ့်မယ် ” ဟု ထိဏ်လင်းကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှ ပိုင်ရှင်ဖြစ်သူ ဦးကျော်ဝင်းက သံလွင်တိုင်းမ်သို့ပြောသည်။

ကားဝင်းတည်ဆောက်ရေးအတွက် ရေးမြို့အခြေစိုက် ကောင်းစုအေးကုမ္ပဏီက ငွေကျပ်သိန်းပေါင်း ၆၄၅၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ယင်းကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်ဇော်နေဝင်းက “ တင်ဒါဈေးက 1 square တစ်သောင်းနှုန်းပဲရှိတယ်၊ အဲဒါနဲ့ဖြစ်မြောက်အောင် ဆောက်ခဲ့တာပါ ” ဟု သံလွင်တိုင်းမ်သို့ ပြောသည်။

အခန်းပေါင်း ၅၄ ခန်းရှိ ယင်းအဝေးပြေးကားဝင်းအတွင်းသို့ ကုန်တင်ကားအသင်းများနှင့် ယာာဉ် လိုင်းအချို့အနေဖြင့် ဆိုင်ခန်းခဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်ယူရန်အခက်အခဲရှိနေပြီး လက်ရှိဈေးနှုန်း အနေဖြင့် ယခင်အခန်းပိုင်ရှင်များကို ငွေကျပ်သိန်း ၅၀ ဖြင့်လည်းကောင်း၊ကျန်သည့်ဆိုင်ခန်းများကို နေရာ အနေအထားပေါ်မူတည်ပြီး အမြင့်ဆုံးငွေကျပ်သိန်း ၃၀၀ ခန့်အထိလည်းကောင်း သတ်မှတ်ထားသည်။
%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%b1%e1%81%80%e1%80%b8%e1%80%b1%e1%80%bb%e1%80%95%e1%80%b8%e1%80%80%e1%80%ac%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%b8
သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.