ရွှေအိမ်စည်လေး

ကြိုးစားနေတဲ့ လူငယ်တွေအတွက် အောင်မြင်မှုဆိုတာ မဝေးတော့ပါဘူး။ တစ်ခုသိထားရမှာက ကိုယ် အိပ်နေတဲ့အချိန်တွေမှာ သူတို့တွေ ကြိုးစားနေကြတယ်ဆိုတာပါပဲ။ ဒီတစ်ပတ်လူငယ့်ရှုထောင့် ကဏ္ဍ မှာတော့ Miss တစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို ဖော်ပြချင်တဲ့အတွက် Miss Grand International 2017

ဝင်ပြိုင်ခွင့်ရရှိသွားတဲ့ Miss Universe Myanmar 2017 First Runner Up ဆုရှင် ရွှေအိမ်စည်လေးရဲ့ ကြိုးစားအားထုတ်မှုကိုဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံက မငြိမ်းချမ်းသေးတော့ တစ်ဖက်တစ်လမ်းကနေ ငြိမ်းချမ်းမှုရှိအောင် ကူညီသွားမယ်ဆို လာတဲ့ ရွှေအိမ်စည်နှင့်တွေ့ဆုံခြင်း

တင်ဆက်သူ- TU Arkar Min

မေး-Miss Universe Myanmar 2017 ပြိုင်ပွဲကြီးမှာ First Runner Up ဆုကြီးကို ရရှိခဲ့တဲ့အပေါ် အိမ်စည့်ရဲ့ အမြင်လေးပြောပြပေးပါဦး။

ဖြေ-အိမ်စည်ကြိုးစားသလောက်ရခဲ့တယ်။ ဒီလောက်ပဲ အသိအမှတ်ပြုခဲ့တယ်လို့ပဲ ထင်ပါတယ်။ Winner မရရှိခဲ့လို့ အိမ်စည့်ရဲ့ ပရိတ်သတ်တွေကို အားနာပေမယ့်လည်း အိမ်စည်ကျေနပ်ပါတယ်။

မေး-Miss Grand International 2017 ပြိုင်ခွင့်ရပြီဆိုတော့ အဲ့ဒီပွဲအတွက် ဘာတွေပြင်ဆင်နေပြီလဲ။

ဖြေ-ငြိမ်းချမ်းရေး World Peace အတွက် ရည်စူးထားတာဖြစ်တယ်။အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး တတ် နိုင်သလောက်ကြိုးစားပြီးလေ့လာနေတယ်။ Body Perfect ဖြစ်အောင် Body Training တွေကို အထူး ဂရုစိုက်လေ့ကျင့်နေတယ်ပေါ့။

မေး-နောက်ထပ် Miss Universe ပြိုင်ပွဲတွေရော ထပ်ပြိုင်ဖို့ ရှိသေးလား။

ဖြေ-ထပ်မပြိုင်တော့ပါဘူး။ ဒီပွဲမတိုင်ခင်ကတည်းကနိုင်သည် ဖြစ်စေ မနိုင်သည်ဖြစ်စေ နောက်ထပ် Miss Universe ပြိုင်ပွဲတွေ ထပ်မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒီပွဲက အိမ်စည့်အတွက် နောက်ဆုံးပွဲပါပဲ။ Grand ဆိုတာကလည်း နိုင်ငံကိုကိုယ်စားပြုတဲ့ အခွင့်အရေးရှိတဲ့အတွက် အဲ့ဒီမှာပဲ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။

မေး-အိမ်စည်လုပ်ချင်တဲ့ အနုပညာပုံစံကရော ဘယ်လိုဖြစ်မလဲ။

ဖြေ-အိမ်စည် မော်ဒယ်လ်ဘက်ကိုပဲ ဦးတည်ပြီးလုပ်သွားတော့မယ်။ ဒီကြားထဲမှာတော့ Miss Grand အတွက်ပဲ အာရုံစိုက်ပြီးလုပ်သွားမှာပါ။ သရုပ်ဆောင်ဘက်ကိုတော့ သွားဖို့မရှိပါဘူး။ ကမ်းလှမ်းလာ ရင်တော့ ရိုက်ချင်ပါတယ်။ဒါပေမယ့် မင်းသမီးတွေလိုတော့ လုပ်ဖြစ်မယ်မထင်ဘူး။

မေး-ညီမလေးရဲ့ အိမ်ကရော ညီမရဲ့အလုပ်အပေါ် ဘယ်လိုသဘောထားလဲ။

ရွှေအိမ်စည်လေး
ရွှေအိမ်စည်လေး

ဖြေ- အိမ်က ၁၀၀ ရာခိုင်နှုန်း ထောက်ခံပါတယ်။အနုပညာနဲ့ပတ်သတ်ရင် ဘာပဲ လုပ်လုပ် အိမ်က အားလုံးပံ့ပိုးပေးတယ်။

မေး-အခုကျောင်းရော ပြီးသွားပြီလား။

ဖြေ- ညီမအနုပညာအလုပ်လုပ်ဖို့အတွက် ကျောင်းနားထားပါတယ်။ ကျောင်းကပြန်တက်မှာပါ။ ကျောင်းကိုတော့ Professional တစ်ခုအနေနဲ့ ပြီးအောင် တက်သွားမှာပါ။

မေး- Miss Grand နဲ့ပတ်သတ်ပြီး သီးခြားပြောချင်တာများရှိဦးမလား။

ဖြေ- Miss Grand က ငြိမ်းချမ်းရေးကို ဦးတည်တယ်။ လက်ရှိမြန်မာပြည်မှာလည်း မငြိမ်းချမ်းသေးဘဲ စစ်ဘေးတွေကြုံနေရတဲ့အတွက် ငြိမ်းချမ်းဖို့ ညီမရဲ့ ကြိုးစားအားထုတ်မှုက တစ်ဖက်တစ်လမ်းက ကူညီသလို ထိရောက်မယ်ဆိုရင် ကျေနပ်ပါတယ်။

မေး-အဲ့ဒီပြိုင်ပွဲမှာ ဆုမရရှိခဲ့တဲ့သူတွေနဲ့ Miss ပွဲတွေပြိုင်ဖို့လုပ်နေတဲ့ ညီမငယ်တွေအတွက် သတင်းစကားလည်းပေးခဲ့ပါဦး။

ဖြေ-ပထမအကြိမ်မှာ ဆုမရခဲ့ရင် အိမ်စည့်အနေနဲ့ ထပ်ကြိုးစားစေချင်တယ်။ အခုမှ စတာဆိုတော့ လေ။ ဒီပြိုင်ပွဲမှာ သူတို့တွေအတွေ့အကြုံတွေရရှိခဲ့တဲ့အတွက် နောက်ထပ်ပြိုင်ပွဲတွေအတွက် အခြေ အနေ ကောင်းနိုင်တယ်လို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျား။ မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိဖို့အတွက် အနုပညာနဲ့ ကူညီပေးမယ်ဆိုတဲ့ ရွှေအိမ်စည်လေးရဲ့ စိတ်ဓာတ်လေးကလည်းလေးစားစရာပါပဲ။ အိမ်စည်လေးရဲ့ ကြိုးစားအားထုတ်မှုလေးတွေသိလိုက်ရလို့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်လိုကြိုးစားပြီး အောင်မြင်နေတဲ့ လူငယ်တွေရဲ့ အကြောင်းကို တင် ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.